နိုင်ဂျီးရီးယားမှာ ခလေး ရှစ်သောင်းနီးပါး အစာရေစာငတ်ပြီး သေဆုံးနိုင်


နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းက ခလေးငယ် (၇၅၀၀၀)လောက်ဟာ အစာရေစာငတ်ပြတ်ပြီး သေဆုံးရမယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့ ကုလသမ္မဂလက်အောက်ခံ လူသားချင်းစာနာ အကူအညီ ပေးရေးအဖွဲ့က ပြောပါတယ်။

ကုလသမ္မဂရဲ့ပြောဆိုချက်အရ အဲဒီ ခလေးငယ်တွေဟာ ပြီးခဲ့တဲ့လတွေကတည်းက အစာရေစာ ငတ်ပြတ်ပြီးဒုက္ခတွေ့နေရတယ်ဆိုပါတယ်။ ကုလသမ္မဂလူသားချင်းစာနာထောက် ထားမှုအဖွဲ့ ညှိုနှိုင်းရေးမှုး ပီတာလန်းဘာ့ဂ်ကတော့ ဘိုဂိုဟာရမ် စစ်သွေးကြွတွေနဲ့ ၆နှစ်ကျော်ကြာ စစ်ပွဲ တွေဖြစ်နေရတဲ့ အကျိုးဆက်လို့ ပြောပါတယ်။

 စစ်ပွဲတွေရဲ့ အကျိုးဆက်အနေနဲ့ ခလေးလူကြီး စုစုပေါင်း လူ ၇-သန်းကျော်အတွက် အရေးပေါ်အကူအညီတွေလိုနေတယ်ဆိုပါတယ်။ အဲဒီ အထဲကမှ ခလေး ၈-သောင်းနီးပါးဟာ လပိုင်းအတွင်း အကူညီတွေမရရင် သေဆုံးရမဲ့ အခြေအနေ ရှိနေတယ်လို့လည်း သတိပေး ပြောဆိုထားပါတယ်။ ခလေးအများစုဟာ အစာအဟာရပြတ်ပြီး အရိုးပေါ်အရေတင်တဲ့အဆင့်ရောက်နေပြီဆိုပါတယ်။

ဒါပေမဲ့ အရေးပေါ်အကူအညီတွေပေးဖို့ လုံလောက်တဲ့ ရံပုံငွေမရှိသေးဘူးလို့ ကုလသမ္မဂ လူသားချင်းစာနာထောက်ထားမှုအဖွဲ့ ညှိုနှိုင်းရေးမှုး ပီတာလန်းဘာ့ဂ်ပီတာက ပြောဆိုထားကြောင်း နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews/
နိုင်ဂျီးရီးယားမှာ ခလေး ရှစ်သောင်းနီးပါး အစာရေစာငတ်ပြီး သေဆုံးနိုင်  နိုင်ဂျီးရီးယားမှာ ခလေး ရှစ်သောင်းနီးပါး အစာရေစာငတ်ပြီး သေဆုံးနိုင် Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.