ဓားသုံးချောင်ကိုင်ဆောင်ပြီး ရမ်းကားနေသူအား ဖမ်းဆီးအရေးယူ


၃-၁၁-၂၀၁၆

(၃-၁၁-၂၀၁၆)ရက်နေ့(၁၈၃၀)အချိန် မြိတ်မြို့၊ အမှတ်(၁)နယ်မြေရဲကင်းမှ ရဲအုပ် မြင့်လွင်နှင့်အဖွဲ့သည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မြိတ်မြို့၊ ကလွင်ကျေးရွာ အုပ်စု၊ ပုလဲဒီပါရပ်၊ ဗန္ဓုလလမ်းပေါ်တွင် နိုင်အောင် (၂၆)နှစ်၊ (ဘ)ဦးမြင့်အောင်၊ ဗမာ/ဗုဒ္ဓ၊ ရေလုပ်သား၊ ဘုံပျံရပ်၊ ရေပုန်းရပ်ကွက်၊ မြိတ်မြို့နေသူသည် သစသားရိုး(၁၁)လက်မ၊ အသွား(၂)ပေ(၂)လက်မ ခန့်ရှိ ဦးချွန်ဓားရှည်(၁)ချောင်း၊ သစ်သားရိုး(၈)လက်မ၊ အသွား(၁)ပေ(၉)လက်မခန့်ရှိ ဦးချွန်ဓားရှည်(၁) ချောင်းတို့အားကိုင်ဆောင်ပြီး နဘေးတွင် သံရိုး(၈) လက်မ၊ အသွား(၁)ပေ(၁၁)လက်မခန်ရှိ ဓား တစ်ချောင်း ထောင်ထားကာ လူအများအား ရမ်းကား နေသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ပါသည်။


အဆိုပါ ဓား(၃)ချောင်းအားကိုင်ဆောင်ရမ်းကားနေ သူ နိုင်အောင်အား ဥပဒေအရအရေးယူပေးရန်(၂၃၄၅) အချိန် ရဲအုပ် မြင့်လွင်မှ တရားလိုပြုလုပ်တိုင်တန်း သဖြင့် မြိတ်မြို့မရဲစခန်း(ပ)၁၉၅၃/၂၀၁၆၊ လက်နက် ဥပဒေပုဒ်မ ၁၉ (င)ဖြင့်အမှုဖွင့်လှစ်ပြီး အမှုအား ဒုရဲအုပ် ကျော်ဇေလင်းမှစစ်ဆေးလျက်ရှိပါသည်။

မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ
ဓားသုံးချောင်ကိုင်ဆောင်ပြီး ရမ်းကားနေသူအား ဖမ်းဆီးအရေးယူ   ဓားသုံးချောင်ကိုင်ဆောင်ပြီး ရမ်းကားနေသူအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 18:47 Rating: 5
Powered by Blogger.