မြဝတီ အဆင်းကားနှင့် ဆိုင်ကယ်တိုက်မှု့ဖြစ် တစ်ဦး ပွဲချင်းပြီး သေဆုံး


12/11/2016 ညနေ ၅း၄၅ နာရီအချိန် မြဝတီ အဆင်းကား နှင့် ကော့ကရိတ် အမှတ်၁ရပ်ကွက် ချောင်းတောင် ထန်းပင်ကုန်းရပ်နေ ရပ်မိရပ်ဖလူကြီးများ ဖြစ်သော ဦးသိန်း ၅၄နှစ် မောင်း၍ ဦးစန်းကြည် ၇၈ နှစ် လိုက်ပါစီးနှင်းသော ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မှု့ဖြစ်ပွားခဲ့ရာ ဖြစ်ပွားခဲ့ရာသို့ ကယ်ဆယ်ရေး ကော့ကရိတ် မြန်မာ RESCUEအဖွဲ့မှ အချိန်နှင့် တပြေးညီ ရောက်ရှိပြီး လူနာများအား လိုအပ်သည်များ ပြု့စုပေး၍ ကော့ကရိတ်ဆေးရုံ အရေးပေါ်ဌာနသို့ ပိုဆောင်။ ဓါတ်မှန်ရိုက်ကူးပြီးချိန်ထိ ကုသိုလ်ယူ ဆောင်ရွက် ပေးခဲ့ပါသည်။


နောက်မှ လိုက်ပါစီးနှင်သူ ဦးစန်းကြည် ၇၈ နှစ်မှာ လမ်းဘေးသို့ လွင့်ကျ ဇက်ကျိုး ဝဲယာလက်မောင်းကျိုး ပေါင်ကျိုးဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး မောင်းသူ ဦးသိန်းမှာ ယာပေါင်ကျိုး ဝဲခြေတလုံး ပေါက်ကျိုး ဝဲခြေမပေါက်ပြဲ ဦးခေါင်းထိပ်ကွဲ ပေါက်ပြဲ ဝဲပေါင်ပေါက်ပြဲ ဒဏ်ရာများ ရှိခဲ့ပါသဖြင့် ကော့ကရိတ် ကယ်ဆယ်ရေး မြန်မာRESCUEအဖွဲ့မှ ဆေးရုံတွင် လိုအပ်သည်များကို ဆရာ/မများနှင့် အတူ ကူညီဆောင်ရွက်ပေးနေပါသည်။

(ကိုလူပျို - ကော့ကရိတ် Rescue)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ