အကြမ်းဖက်သင်တန်းမတက်လျှင် လည်လှီးမည်ဟု စည်းရုံး၊ မူဆလင်ကျေးရွာများအား ၎င်းတို့ဘာသာမီးရှို့


အကြမ်းဖက်သင်တန်းမတက်လျှင် လည်လှီးမည်ဟု စည်းရုံး၊ မူဆလင်ကျေးရွာများအား ၎င်းတို့ဘာသာမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးမေးမြန်းခြင်းခံရသူများက ထုတ်ဖေါ်ပြောကြား

နေပြည်တော် နိုဝင်ဘာ ၁၇

ပွင့်ဖြူချောင်းကျေးရွာ၌ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည့် ဂျာဘူရာမန် အား စစ်ဆေးမေးမြန်းရာ “ သင်တန်းမတက်ရင် သေနတ်နဲ့ပစ်မယ်၊ လည်လှီးမယ် လို့ ပြောပြီး စည်းရုံး ပါတယ်။ ကျွန်တော်တို့ရွာက အယောက် ၂၀ တက်ရောက်ခဲ့ပါတယ်။ သင်တန်းကိုတော့ မယင်းတောင်၊ အနောက်ဘက်မှာ တက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေ့က ဘင်္ဂါလီရွာကို မီးတိုက်ပြီး ပြန်သွားပါတယ်။ အဲ့ဒီအဖွဲ့မှာ သေနတ် ၁၀ လက်နဲ့ ဓါး ၁၀ ချောင်းလည်း ပါပါတယ်။” ဟု ဖြေကြားသည်။


အလားတူ ပွင့်ဖြူချောင်းကျေးရွာမှ ဖမ်းဆီးထိန်းသိမ်းထားသူ မာမတ်အီစလာမ် ကို မေးမြန်းရာ “ဗလီတက်တဲ့အချိန်မှာ ဗလီဆရာကြီးက ရွာကလူတွေကို စည်းရုံးပါတယ်။ ဘင်္ဂလားဒေ့ရှ်က လူတွေ လာတယ်၊ ဘင်္ဂလားဒေ့ရှ်က လူတွေနဲ့ပေါင်းပြီး တိုက်ရမယ်လို့ပြောပါတယ်။ ရိုဟင်ဂျာကို အစိုးရက ဘယ်တော့မှ ပေးမှာမဟုတ်ပါဘူး၊ ငါတို့လူစုလူဝေးနဲ့ ရိုဟင်ဂျာကို တိုက်ယူရပါမယ်။ တစ်အိမ် တစ်ယောက်ထွက်ပြီး တိုက်ရပါမယ်။ တစ်အိမ် တစ်ယောက်ကျ မလိုက်တဲ့လူတွေကို လည်လှီးပြီး သတ်မယ်လို့ပြောတယ်။ ထိတွေ့မှုဖြစ်တဲ့အခါမှာ အစ္စလာမ်၊ ရိုဟင်ဂျာ၊ နာကာတူရီ၊ ဝတ်စ်ဖို့စ် လို့ အော်ပြီးသွားပါတယ်။ တောင်ကြားမှာ သင်တန်းပေးပါတယ်။ ရိုဟင်ဂျာပေးမယ်ပြောပြီး မပေးဘူး၊ မပေးတဲ့အတွက် ငါတို့သိပ်ကြာသွားမယ်။ တိုက်ပွဲဝင်ရမယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကျွန်တော်က ဓါးကိုင်ပြီးတော့ ရွာမှာရှိပါတယ်။ ရွာတွေကို မီးရှို့တာတွေရှိပါတယ်။ ဘင်္ဂလားဒေ့ရှ့က ဝင်လာတဲ့ လူတွေနဲ့ ရွာကလူဆိုးတွေက ရှို့တာပါ။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ရွာသားတွေ တစ်အိမ်တစ်ယောက် ဓါးကိုင်ပြီးတော့ ထွက်ပါတယ်။ ဓါးကိုင်ပြီးတော့ အကုန်လုံး ရွာလမ်းပေါ် ထွက်ကြပါတယ်။” ပြောကြားသည်။

အလားတူ မောင်တောမြို့နယ်၊ ရေတွင်းကျွန်းကျေးရွာမှ ဖမ်းဆီးထိန်းသိမ်းရမိသည့် အီအာဟာ အား ပဏာမ မေးမြန်းစစ်ဆေးရာ “ ၁၃ ရက်နေ့မှာ ဘင်္ဂါလီ၊ မူဆလင် လူမျိုးတွေက မီးတိုက်တာပါ။ ကျွန်တော်မြင်တာကတော့ အိမ် ၁၀၀ ကျော်လောက် မီးထဲပါသွားပါတယ်။” ဟု ဖြေကြားသည်။


ထို့အတူ ဖမ်းဆီးထိန်းသိမ်းထားသည့် ကြိမ်ချောင်း (မြောက်ရွာ) နေ ဆော်ဒူအာမိန် အား ပဏာမ မေးမြန်းစစ်ဆေးရာ “ကျွန်တော်တို့ တုတ်၊ ဓါးကိုင်ပြီး လူတွေစုနေတာဟာ စစ်တပ်တွေ၊ ရဲတွေလာရင် တိုက်ပြီးတော့ သေနတ်တွေလုဖို့ပါ။ ဓါးရယ်၊ တုတ်ရယ်၊ လေးခွရယ်ပါ ပါတယ်။ စစ်တပ်ကို ဓါးနဲ့ခုတ်မယ်ဆိုပြီးတော့ လူအများကြီး စုနေတာပါ။ တိုက်ပွဲမဖြစ်ခင်ညက လူကြီးပိုင်း တချို့ကိုပါခေါ်ပြီး တောထဲဝင်သွားပါတယ်။ ရွာကိုမီးရှို့တာ အကြမ်းဖက်သမားတွေ မီးရှို့တာပါ၊ ရှို့ပြီးတော့ အနောက်ဖက်ကို ထွက်သွားကြတာပါ” ဟု ပြန်လည်ဖြေကြားသည်။

ပဏာမစစ်ဆေးမေးမြန်းချက်များအရ ဒေသနေ မူဆလင်အသိုင်းအဝိုင်းအား တစ်အိမ်တစ်ယောက် မဖြစ်မနေ လိုက်ပါစေခြင်း၊ မလိုက်လျှင် လည်လှီးသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရခြင်း၊ တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ရွာတွင်းဝင်လာလျှင် ဓါးဖြင့် ခုတ်ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း၊ ကျေးရွာများအား မီးရှို့သူများမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများဖြစ်ကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
အကြမ်းဖက်သင်တန်းမတက်လျှင် လည်လှီးမည်ဟု စည်းရုံး၊ မူဆလင်ကျေးရွာများအား ၎င်းတို့ဘာသာမီးရှို့  အကြမ်းဖက်သင်တန်းမတက်လျှင် လည်လှီးမည်ဟု စည်းရုံး၊ မူဆလင်ကျေးရွာများအား ၎င်းတို့ဘာသာမီးရှို့ Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.