ကိုးတန်ကောက် ရဲစခန်းတိုက်ခိုက်မှု တွင် ပါဝင်သည်ဟု ယူဆရသည့် မသင်္ကာဖွယ် ဘင်္ဂါလီနှစ်ဦး ထပ်မံဖမ်းဆီးရမိ


နေပြည်တော် ၊ ၁၀-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် သတင်းအရ ကိုးတန်ကောက် (ဒုက္ခသည်စခန်း) သို့ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် ရောက်ရှိစစ်ဆေး ခဲ့ရာ ကိုးတန်ကောက် ရဲကင်းစခန်းအား အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သည်ဟု ယူဆရသည့် မသင်္ကာဖွယ် ဘင်္ဂါလီ မာမောက်ဒူဆောင်း (ဘ) လာမျှား ကိုလည်းကောင်း၊ ကိုးတန်ကောက် (ရွာမ)သို့ မွန်းလွဲ ၂ နာရီ ၂ဝ မိနစ်တွင် ရောက်ရှိ ရှင်းလင်းစဉ် အဘူကာဆိမ်း (ဘ) အဒူလာဆီ ကိုလည်းကောင်း ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူ မသင်္ကာဖွယ် ဘင်္ဂါလီနှစ်ဦး အား အဖြစ်မှန် ပေါ်ပေါက်နိုင်ရေး၊ တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် အင်းဒင်နယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)
The Myawady Daily
https://www.facebook.com/TheMyawadyDaily/
ကိုးတန်ကောက် ရဲစခန်းတိုက်ခိုက်မှု တွင် ပါဝင်သည်ဟု ယူဆရသည့် မသင်္ကာဖွယ် ဘင်္ဂါလီနှစ်ဦး ထပ်မံဖမ်းဆီးရမိ ကိုးတန်ကောက် ရဲစခန်းတိုက်ခိုက်မှု တွင် ပါဝင်သည်ဟု ယူဆရသည့် မသင်္ကာဖွယ် ဘင်္ဂါလီနှစ်ဦး ထပ်မံဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.