မောင်တော နိုဝင်ဘာ ၇
၇.၁၁.၂၀၁၆ ရက်နေ့ ညနေ ၁၈း၃၀ အချိန်ခန့် တွင် မောင်တောမြို့ နယ် တောင်ပိုင်း မြင်လွတ်ကျေးရွာ (အလက) ကျောင်းရှေ့ကျောင်း ဆရာ/ ဆရာမများ နေထိုင်ခြင်းမရှိသည့် အဆောင်အား မီးရှို့သဖြင့် အလျား (၄၀)ပေ အမြင့်(၁၂) အနံ(၁၂)ပေခန့်ရှိ သက်ကယ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း(၁)လုံး အဆောင် တစ်ဝက် လောင်ပြီး မီးလောင်မူဖြစ်ပွားခဲ့သည်။
၁၈း၄၅ အချိန်တွင် လုံခြုံရေး တာဝန်ထမ်းဆောင် လျက်ရှိသော တပ်မတော် သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်း ငြိမ်းသက်မှူကြောင့် မီငြိမ်း သွားခဲ့ကြောင်း သိရှိရပြီးဖြစ်စဉ်နှင့် ပတ်သက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေလျက် ရှိကြောင်း သိရှိရသည်။
ကျော်ထူး ( မောင်တော ပြန်/ဆက် )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/