မူဆယ်မြို့မှာ ဈေးဆိုင် နဲ့ နေအိမ်တွေ ပိတ်

ဈေးဆိုင်နဲ့ နေအိမ်တွေ ပိတ်ထားတဲ့ မူဆယ်မြို့ကို နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ခင်းက တွေ့ရစဉ်။ ဓါတ်ပုံ - မူဆယ်မင်း
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒီနေ့ နေ့လည် ၁၁ နာရီဝန်းကျင်ကစပြီး မူဆယ်မြို့ပေါ်က ဈေးဆိုင်တွေ ၊ နေအိမ်တွေ အားလုံးပိတ်လိုက်ပါတယ်။

မူဆယ်မြို့ပေါ်မှာ မနေရဲတာကြောင့် တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်နဲ့ ရွှေလီမြို့ကို တိမ်းရှောင်ဖို့ နယ်စပ်ဂိတ်ပေါက်တွေမှာ တန်းစီနေတဲ့ လူထောင်ချီရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မူဆယ်မှာ ည ၁၂ နာရီမထွက်ရ အမိန့်ထုတ်ထားတယ်ဆိုတာ မဟုတ်ကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က ဒီနေ့ နေ့လည် ၂ နာရီလောက်က ပြောပါတယ်။

ဒီနေ့မနက်က နမ့်နိုင်ကနေ ကွတ်ခိုင်ကို ထွက်ခွာလာတဲ့ ယာဉ်ကြီး/ ယာဉ်ငယ် (၁၈) စီးဟာ ယာဉ်မောင်းတွေ မရှိဘဲ ရပ်တန့်ထားပြီး ယာဉ်တွေသွားလာလို့မရအောင် ပိတ်ဆို့ထားတဲ့အတွက် တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းရာမှာ KIA၊ TNLA နဲ့ MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးနေတာကို တွေ့ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
မူဆယ်မြို့မှာ ဈေးဆိုင် နဲ့ နေအိမ်တွေ ပိတ်  မူဆယ်မြို့မှာ ဈေးဆိုင် နဲ့ နေအိမ်တွေ ပိတ် Reviewed by THITHTOOLWIN on 17:15 Rating: 5
Powered by Blogger.