ဘင်္ဂလာဒေ့ရှ်တွင် ဟိန္ဒူဘုရားရှိခိုးကျောင်း ၁၅ ကျောင်းနှင့် အိမ်ပေါင်း ၁၀၀ ထက်မနည်း တိုက်ခိုက် ဖျက်ဆီးခံရ


နိရဉ္စရာ၊ နိုဝင်ဘာ ၁

အစ္စလာမ်ဘာသာကို စော်ကားသည်ဟု ဆိုကာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဗြန်မင်း ဘာရီယာ ခရိုင် ရှိ နာဆိမ်းနာဂါ မြို့နယ်တွင် ဟိန္ဒူဘာသာရေးကျောင်း ၁၅ ကျောင်းကို လွန်ခဲ့သော တနင်္ဂနွေနေ့က လုယက်ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

၎င်းပြင် ဟိန္ဒူ လူနည်းစုများ ပိုင်ဆောင်သော အိမ် ၁၀၀ ကျော်ကိုလည်း အစ္စလာမ် ဘာသာဝင်များက ဖျက်ဆီး လုယက်မှုများရှိခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သော တနင်္ဂနွေ နေ့လယ်ပိုင်းက နာရီပေါင်းများစွာ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် Habiganj's Madhabpur ဒေသအနီးရှိ ဘုရားကျောင်းနှစ်ခု ကိုလည်း ဖျက်ဆီးခံခဲ့ရသည်ဟု ရဲနှင့် မျက်မြင်များက ပြောသည်။

အနည်းဆုံး လူ ၆ ဦးကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရဲက ဖမ်းဆီးခဲ့သည်ဟု သိရသည်။


ယခုအခါ အဆို ဒေသတွင် နယ်ခြားစောင့်တပ်၊ ရဲ၊ RAB မူခင်းနှိမ်နှင်းရေး စုပေါင်း တပ်ဖွဲ့များကို ဖြန့်ကြက်ချထားလိုက်ပြီဟု ဆိုသည်။

ယခုတိုက်ခိုက်မှုသည် ၂၀၁၂ ခုနှစ်က ရာမူး (ပန်းဝါ) ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများအား တိုက်ခိုက်မှု ဖြစ်စဉ်နှင့် တူကြောင်း သတင်းတွင် ဖော်ပြသည်။

အကြောင်းမှာ ဒေသအတွင်းမှ ဟိန္ဒူလူငယ် တစ်ဦး ဖြစ်သူ Rasraj Das မှ အစ္စလာမ်ဘာသာအား ပုတ်ခတ်စော်ကားသည့် post များကို လူမှု မီဒီယာများမှ တစ်ဆင့် တင်သည်ဟု ဆိုကာ စွပ်စွဲမှု ပေါ်ပေါက်လာပြီးနောက် ယခု တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ၎င်း ဟိန္ဒူလူငယ် အား ရဲက ဖမ်းဆီးခဲ့သည်။

အစ္စလာမ်ဘာသာရေး အဖွဲ့ နှစ်ဖွဲ့ ဖြစ်သော Touhidi Janata and Ahle Sunnat Wal Jamaat တို့က တနင်္ဂနွေနေ့တွင် ဆန္ဒပြမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ယခု တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သို့သော် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့များ အနေဖြင့် ချက်ချင်း အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်ခဲ့ကြောင်း ဒေသခံ ဟိန္ဒူဘာသာဝင်များက ပြောကြောင်း The Daily Star တွင် သတင်းဖော်ပြသည်။

ယခု တိုက်ခိုက်မှုသည် Kali Puja ပွဲတော် ကျင်းပပြီး တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ကြောင်း ဖြစ်ကြောင်း၊ ဟိန္ဒူ ဘာသာရေး ဆရာ အများအပြားလည်း တိုက်ခိုက်ခံခဲ့ရကြောင်း၊ ယခုလုပ်ရပ်အတွက် ဘင်္ဂလာဒေ့ရှ်ရှိ လူနည်းစု ဟိန္ဒူဘာသာဝင်များကို စိတ်ထိခိုက် နာကျင်မှုကို ဖြစ်ပေါ်စေကြောင်း ဟိန္ဒူ ဘာသာ ခေါင်းဆောင် Sunil Das က ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: At least 15 temples, 100 Hindu houses vandalised, looted for hours in Brahmanbarhia

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာဒေ့ရှ်တွင် ဟိန္ဒူဘုရားရှိခိုးကျောင်း ၁၅ ကျောင်းနှင့် အိမ်ပေါင်း ၁၀၀ ထက်မနည်း တိုက်ခိုက် ဖျက်ဆီးခံရ ဘင်္ဂလာဒေ့ရှ်တွင် ဟိန္ဒူဘုရားရှိခိုးကျောင်း ၁၅ ကျောင်းနှင့် အိမ်ပေါင်း ၁၀၀ ထက်မနည်း တိုက်ခိုက် ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.