မောင်တောမြို့နယ်အတွင်း မသင်္ကာဖွယ်ဘင်္ဂါလီ ၃၅ ဦး ဖမ်းဆီးရမိ


နေပြည်တော်၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၀က်ပြင်ကျေးရွာသို့ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီ ၂၁ မိနစ်ခန့်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ရောက်ရှိနယ်မြေရှင်းလင်းစဉ် မသင်္ကာဖွယ်ဘင်္ဂါလီ နူရ်ဘော်ဘီ(ဘ)နူရ်ဟူဆောင်း အပါအ၀င် ဘင်္ဂါလီ ၄ ဦးကိုအားလည်းကောင်း၊ အောင်မင်္ဂလာကျေးရွာသို့ ည ၁၁ နာရီခွဲခန့်တွင် ၀င်ရောက်လာသော သဲချောင်းကျေးရွာနေ မသင်္ကာဖွယ်ဘင်္ဂါလီ မာမွတ်ကာစီ(ဘ) အာမွတ်ဒူဆောင်းအားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။


အလားတူ ယနေ့ ညနေ ၃ နာရီတွင် ရေတွင်းကျွန်းကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲဝင်များက ၀င်ရောက်ရှင်းလင်းစဉ် အခြားကျေးရွာများမှ တိုက်ပွဲဖြစ်ပွားပြီးနောက် တိမ်းရှောင်ထွက်ပြေးလာသည့် ခွေလာ(ဘ)ရှလာဟာ ဒူလာအပါအ၀င် ၃၀ ဦးအားထပ်မံဖမ်းဆီးရမိခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ စစ်ဆေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
မောင်တောမြို့နယ်အတွင်း မသင်္ကာဖွယ်ဘင်္ဂါလီ ၃၅ ဦး ဖမ်းဆီးရမိ  မောင်တောမြို့နယ်အတွင်း မသင်္ကာဖွယ်ဘင်္ဂါလီ ၃၅ ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:28 Rating: 5
Powered by Blogger.