ညောင်တုန်း-ရန်ကုန်ကားလမ်းတွင် ဆိုင်ကယ်နှစ်စီး မတော်တဆ တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ


ညောင်တုန်း နိုဝင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာ အုပ်စု၊ တူးချောင်းကျေးရွာ အနီး ညောင်တုန်း-ရန်ကုန်ကားလမ်း မိုင်တိုင်အ မှတ် ၃၂/၀ နှင့် ၃၂/၁ အကြားတွင် နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လည် ၃:၀၀ အချိန်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကညင်ကောက်ကြီး ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာနေ ကိုမင်းမင်း(ခ) ရဲမင်းထိုက် (၃၆) နှစ် မောင်းနှင်ပြီး ထိုဆိုင်ကယ်နောက်တွင် ထိုင်၍လိုက်ပါလာသော တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ထားဝယ်လယ်တီ တောင်ကျောင်းနေ ရဟန်း ဦးဇေယျာသီရိ (၅၂) နှစ်တို့မောင်းနှင် လာသော (Kenbo Wave I-125) ယာဉ်အမှတ် ၃၇ယ-၈၄၄၉၅ မော်တော် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်ဘက်မှ မောင်းနှင် လာသော ညောင်တုန်းမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ ဆရာစံ လမ်းနေ အောင်ငြိမ်းချမ်း (၂၃) နှစ်မောင်းနှင်လာသော TOYOMAX-2.0 (ဖြူ/စိမ်း/ပြာ)ကြား၊ ယာဉ်အမှတ်၊ ၅၄ဃ- ၉၃၇၈၂ မော်တော်ဆိုင်ကယ်နှင့် ဝင်ရောက်တိုက် မိခဲ့ပြီး မင်းမင်း(ခ) ရဲမင်းထိုက်သည် အခင်းဖြစ်နေရာတွင်ပင် သေဆုံး၍ ရဟန်းဦးဇေယျာသီရိနှင့် ကိုအောင်ငြိမ်းချမ်း တို့နှစ်ဦးမှာ ဒဏ်ရာများရရှိပြီး ရန်ကုန်ဆေးရုံ၌ ဆေးကုသမှု ခံယူလျှက်ရှိပြီး အဆိုပါအမှုတွင် ယာဉ်အား မဆင်မခြင် မောင်းနှင်သော တရားခံအောင်ငြိမ်း ချမ်းအား ညောင်တုန်း မြို့မရဲစခန်းတွင် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ညောင်တုန်း-ရန်ကုန်ကားလမ်းတွင် ဆိုင်ကယ်နှစ်စီး မတော်တဆ တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ  ညောင်တုန်း-ရန်ကုန်ကားလမ်းတွင် ဆိုင်ကယ်နှစ်စီး မတော်တဆ တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 11:19 Rating: 5
Powered by Blogger.