မောင်တောမြို့နယ်အတွင်းမှ မသင်္ကာဖွယ် လူလေးဦး ထပ်မံဖမ်းဆီးရမိ


နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မောင်တောမြို့နယ်အတွင်းမှ မသင်္ကာဖွယ် လူလေးဦး ထပ်မံဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရေတွင်းကျွန်းကျေးရွာအနီး နယ်ခြားစောင့်ရဲတပ်ဖွဲ့က နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် မောင်တောမြို့နေ မသင်္ကာဖွယ်ရာ ဘင်္ဂါလီလူမျိုး နူအာလောင်(ဘ)အဒူဟာကိန်းအား ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ ၅ ရက်တွင် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များသည် ဒုညောင်ပင်ကြီးကျေးရွာအုပ်စု ခေတ္တအုပ်ချုပ်ရေးမှူး မူဟာမတ်ဘူဖိုက် (ဘ)ရော်ရှီးအာမတ်အား တွေ့ဆုံမေးမြန်းစဉ် ၎င်း၏ဖြေကြားချက်များမှာ အကျိုးအကြောင်းဆီလျော်မှုမရှိ သဖြင့် အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။


ထို့ပြင် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် သဝန်ချောင်းကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးစဉ် အဘူဆော်ယောက် (ဘ)မာမတ်ကာ တိမ်အား ၎င်း၏ နေအိမ်ခြံဝင်း အတွင်း သစ်သားဖြင့် ပြုလုပ်ထားသည့် အလျား သုံးပေ သုံးလက်မရှိ သေနတ်ပုံစံတစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ညနေ ၅ နာရီခွဲတွင် ကိုးတန်ကောက် ကျေးရွာအနီးတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် နူရ်အာလောင်(ဘ)မော်ဘီဟူဆောင်း၏ နေအိမ်အနောက် ဘက် ပေ ၂၀ ခန့်အကွာတွင် ဓားခုနစ်ချောင်း၊ မှိန်းတစ်ချောင်းတို့အား ဖော်ထုတ်တွေ့ရှိရသဖြင့် နူရ်အာလောင်အား ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်။ အဆိုပါဖမ်းဆီးရမိသူ ဘင်္ဂါလီလေးဦးအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက် နိုင်ရေးအတွက် မောင်တောမြို့မရဲစခန်းနှင့် အင်းဒင်ရဲစခန်းများသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မောင်တောမြို့နယ်အတွင်းမှ မသင်္ကာဖွယ် လူလေးဦး ထပ်မံဖမ်းဆီးရမိ  မောင်တောမြို့နယ်အတွင်းမှ မသင်္ကာဖွယ် လူလေးဦး ထပ်မံဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 07:05 Rating: 5
Powered by Blogger.