ကလေးမြို့နယ် သာသနာရေး ဒုဦးစီးမှူး ထော်လာဂျီပေါ်မှ ပြုတ်ကျသေဆုံး


မုံရွာ၊​ အောက်​တိုဘာ၁၉။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် သာသနာရေး ဦးစီးဌာန မှ ဒုဦးစီးမှူး တစ်ဦး ထော်လာဂျီ ပေါ်မှ ပြုတ်ကျ သေဆုံးခဲ့သော လူသေမှုတစ်ခု ​အောက်​တိုဘာ ၁၈ရက်နေ့ ညနေ ၆နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သာသနာ​ရေး ဒုဦးစီးမှူး ဦးဇော်မင်းလတ် (၃၀)နှစ်သည် ကလေးမြို့နယ် ထိုမာရွာမှ သာယာဝတီကျေးရွာရှိ မင်္ဂလာဆောင်သို့သွားပြီးနောက် ပြန်လာကြရာ ရွာအထွက်တွင် ထော်လာဂျီပေါ်မှ ပြုတ်ကျပြီး ၀မ်းဗိုက်အောင့်သဖြင့် ကလေးမြို့ပြည်​သူ့ဆေးရုံသို့ သွားရောက်ကုသခဲ့သည်။ ဆေးရုံအရောက်တွင် ရရှိသော အတွင်းဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်းဖြစ်ရပ်ကြောင့် ထော်လာဂျီ မောင်းနှင်သူ ရွှေလုးံ(၃၂)နှစ် ထိုမာရွာနေသူအား အရေးယူပေးရန် ရဲအုပ်လယ်မန်းမှ ကလေးမြို့မရဲစခန်းတွင် အမှုဖွင့်ရာ
ပုဒ်မ ၃၀၄-က ဖြင့် လက်ခံထားကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar/

ကလေးမြို့နယ် သာသနာရေး ဒုဦးစီးမှူး ထော်လာဂျီပေါ်မှ ပြုတ်ကျသေဆုံး  ကလေးမြို့နယ် သာသနာရေး ဒုဦးစီးမှူး ထော်လာဂျီပေါ်မှ ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.