မိုင်းရှူးမြို့ မြို့နယ်သစ်တောရုံး၌ မီးလောင်မှုဖြစ်ပွား


လွိုင်လင် နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်၌ နိုဝင်ဘာ ၁၅ ရက် နံနက် ဝဝ နာရီ ၁၅ မိနစ်ခန့်က မိုင်းရှူးမြို့ အမှတ်(၄) ရပ်ကွက်ရှိ မြို့နယ်သစ်တောရုံးတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်သစ်တောရုံးတွင် နေထိုင်သည့် သစ်တော ဝန်ထမ်း (တောအုပ်) ဦးသံဘောလူသည် ၎င်းနေထိုင်သည့် အလျား ၂၇ ပေ x အနံ ၂၇ ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ မြေစိုက်(တစ်ထပ်အိမ်)မီးဖိုချောင်တွင် ဖယောင်းတိုင်မီးထွန်း ခဲ့ရာ လဲကျ၍ အနီးရှိ မီးသွေးအိတ်များကို ကူးစက်ရာမှ မီးစတင်လောင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မြေစိုက် တစ်ထပ်အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရ သည်။

မီးလောင်မှုကို မိုင်းရှူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ် နှစ်စီး၊ သန္ဓေမီးသတ် ၁ဝ ဦး၊ အရန်မီးသတ် ၂၅ ဦး၊ ရဲ ၁ဝ ဦးနှင့် ရပ်ကွက်နေပြည်သူ တို့က ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ဝဝ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း သိရသည်။

မီးပေါ့ဆသူ သစ်တောဝန်ထမ်း(တောအုပ်)ဦးသံဘောလူ အား မိုင်းရှူးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မိုင်းရှူးမြို့ မြို့နယ်သစ်တောရုံး၌ မီးလောင်မှုဖြစ်ပွား မိုင်းရှူးမြို့ မြို့နယ်သစ်တောရုံး၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:14 Rating: 5
Powered by Blogger.