နေအိမ် ၇ လုံး မီးရှို့ ခံရ

 မောင်တောမြို့နယ် ဒါးကြီးဇားကျေးရွာအနီး မီးရှို့ထားကြောင်းတွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက် ငြိမ်းသတ်ခဲ့ရ
နိုဝင်ဘာ ၂၃၊ ၂၀၁၆

နယ်မြေခံတပ်မတော်စစ်ကြောင်း နှင့်နယ်ခြားစောင့်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၂ ရက် နံနက်၁၁နာရီခွဲတွင် မောင်တော မြို့နယ်၊ ဒါးကြီးဇားကျေးရွာအနီး ရောက်ရှိဖြတ်သန်းစဉ် ကျေးရွာ အနီးတ၀ိုက်၌ မီးခိုးများ ထွက်လာသည်ကို တွေ့ရှိ၍ သွားရောက် စစ်ဆေးခဲ့ရာ ကျေးရွာအတွင်းရှိ လူနေအိမ်အချို့ မီးလောင် ကျွမ်းနေကြောင်း တွေ့ရှိရသဖြင့် မီးငြိမ်းသတ် မှုပြုလုပ်ခဲ့ရာ မွန်းလွဲ ၁၂နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၇ လုံး ပျက်စီးခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြတ်သန်းသွားလာချိန်နှင့် အချိန်ကိုက်၍ ရွာတွင်းရှိသူအချို့မှ မီးရှို့ခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရာရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ