ရုရှားနိုင်ငံမှ ရိုင်ဖယ်သေနတ် တစ်လက် ဝယ်ယူလျှင် တစ်လက် အခမဲ့ရရှိမည့် ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း ဖိလစ်ပိုင် သမ္မတ ဒူတာတေး ပြောကြား

ရုရှား သမ္မတ ဗလာဒီမာ ပူတင် (ယာ) နှင့် ဖိလစ်ပိုင် သမ္မတ ဒူတာတေးတို့ ပီရူးနိုင်ငံ လီမာမြို့၌ တွေ့ဆုံနေစဉ် (ဆင်ဟွာ)
    မနီလာ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

    ရိုင်ဖယ်သေနတ် တစ်လက်ဝယ်ယူလျှင် တစ်လက် အခမဲ့ ရရှိနိုင်မည်ဟူသော ရုရှားနိုင်ငံမှ ကမ်းလှမ်းမှုအား ရရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးက နိုဝင်ဘာလ ၂၄ ရက်၌ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံမှ သေနတ် အမြဲတမ်း ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ပီရူးနိုင်ငံ လီမာတွင် ပြုလုပ်သည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးမှ အပြန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒူတာတေးက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံက သေနတ် ဝယ်မည်ဆိုပါက တစ်လက်ဝယ်၊ တစ်လက် အလကားဖြင့် ရောင်းချလိုကြောင်း လီမာ အစည်းအဝေး၌ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ အနေဖြင့် ဖိလစ်ပိုင်နှင့် မဟာမိတ် မပြုလိုပါက ရုရှားဘက်သို့ လှည့်သွားလိုက်မည် ဖြစ်ကြောင်း ဒူတာတေးက ပြောကြားလိုက်သည်။

လူ့အခွင့်အရေးနှင့် ဆက်စပ်ကာ ဖိလစ်ပိုင်သို့ လက်နက် ၂၆,၀၀၀ ရောင်းချရန် စီစဉ်ထားမှုအား ဖျက်သိမ်းမည်ဟူသော ခြိမ်းခြောက်ခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဘန်ကာတင်အား ဒူတာတေးက ရည်ညွှန်းကာ အထက်ပါ ပြောကြားလိုက်ခြင်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
ရုရှားနိုင်ငံမှ ရိုင်ဖယ်သေနတ် တစ်လက် ဝယ်ယူလျှင် တစ်လက် အခမဲ့ရရှိမည့် ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း ဖိလစ်ပိုင် သမ္မတ ဒူတာတေး ပြောကြား  ရုရှားနိုင်ငံမှ ရိုင်ဖယ်သေနတ် တစ်လက် ဝယ်ယူလျှင် တစ်လက် အခမဲ့ရရှိမည့် ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း ဖိလစ်ပိုင် သမ္မတ ဒူတာတေး ပြောကြား Reviewed by THITHTOOLWIN on 18:49 Rating: 5
Powered by Blogger.