မင်းပြားတွင် မီးလောင်မှုတွင် မိန်းခလေးနှစ်ဦးနှင့် လူငယ်တစ်ဦးဒဏ်ရာရ

(ဓါတ်ပုံ- မင်းပြားတွင် မီးလောင်နေစဉ်/ ဖေ့စ်ဘုတ်)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ် မင်းပြားမြို့ ဈေးတစ်ဘက်ကမ်းရှိ ဦးစောတင့်ရပ်ကွက် ချောင်းဝအရပ် မြစ်ကမ်းနံဘေးတွင် ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်က မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ရာ မိန်းခလေးနှစ်ဦးနှင့် လူငယ်တစ်ဦးဒဏ်ရာရ ရရှိသွားသည်ဟု သတင်းရရှိသည်။

“နံနက် ၁၀ နာရီကျော်လောက်က မီးလောင်တာပါ၊ ၁၁ နာရီ ခွဲလောက်မှာ မီးငြိမ်းသွားပါတယ်။ မီးသတ်ကားနှစ်စီးနဲ့ ရပ်ကွက်သားတွေ ၀ိုင်းဝန်းမီးငြိမ်း သတ်ကြတာပါ”ဟု ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ် ပြန်ကြားရေးတာဝန်ခံ ဦးသိန်းဇံက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

မီးလောင်ရာမှ ဆီဖိတ်စဉ်ကျရာမှ မိန်းကလေးနှစ်ဦးနှင့် လူငယ်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဆီဆိုင်နှင့် သစ်ဆိုင် ၁၀ ဆိုင်ခန့် မီးလောင်ကျွမ်းသွားခဲ့သည်ဟု သူက ပြောဆိုသည်။

မင်းပြားမြို့မှ ဦးမောင်ကျော်ဇံကလည်း မီးလောင်မှုဖြစ်ပွားသည့်နေရာမှာ ဦးစောတင့်ရပ်ကွက် တောင်ဘက်အစွန်ဆုံးတွင်ဖြစ်ကြောင်း၊ ဆီရောင်းနေသည့်နေရာတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း၊ အိမ်နှင့် ဆိုင် ၁၀ ဆောင်ခန့် ပါသွားသည်ဟုပြောသည်။

မီးလောင်မှု ဖြစ်ပွားမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိရန် မင်းပြားမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးကို နိရဉ္စရာက ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပါ။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara

မင်းပြားတွင် မီးလောင်မှုတွင် မိန်းခလေးနှစ်ဦးနှင့် လူငယ်တစ်ဦးဒဏ်ရာရ မင်းပြားတွင် မီးလောင်မှုတွင် မိန်းခလေးနှစ်ဦးနှင့် လူငယ်တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 13:19 Rating: 5
Powered by Blogger.