လမ်းဘေးဓာတ်တိုင်အားဝင်တိုက်ရာမှ ကားမီးလောင် လူသေဆုံး

အရှိန်လွန်မောင်းနှင်မှုကြောင့် လမ်းဘေးဓာတ်တိုင်အားဝင်တိုက်ရာမှ ကားမီးလောင် လူသေဆုံး
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာရှိ "ညိုညိုအောင်"စက်သုံးဆီအရောင်းဆိုင်ရှေ့၊ တံတားအမှတ်(၃/၁၇၈)အနီးတွင် နိုဝင်ဘာလ(၁၃)ရက် ညနေ(၃)နာရီခန့်က ရန်ကုန်ဘက်မှမော်လမြိုင်ဘက်ခြမ်းသို့ မောင်းနှင်လာသော ယာဉ်အမှတ် YGN(9H/9216)၊ AD Van အမျိုးအစား၊ ခဲရောင်မော်တော်ယာဉ်မှာ အရှိန်လွန်မောင်းနှင်မှုကြောင့် လမ်းဘေးဓာတ်မီးတိုင်အားဝင်ရောက်တိုက်မိရာမှ ကားအရှေ့ခန်းမီးလောင်ပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုဖြစ်ခဲ့ကြောင်း သိရသည်။


ကားမီးလောင်မှုနှင့်ပတ်သက်၍ ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်မော်တော်ယာဉ်(၃)စီးဖြင့် မိနစ်(၃၀)ကြာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြကြောင်းနှင့် မော်တော်ယာဉ်မောင်းနှင်လာသူ အမျိုးသားတဦးနှင့်လိုက်ပါစီးနင်းလာသူ အမျိုးသမီတဦးတို့မှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးစိုးကျော်သူကပြောသည်။

ခေါက်ချိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
လမ်းဘေးဓာတ်တိုင်အားဝင်တိုက်ရာမှ ကားမီးလောင် လူသေဆုံး လမ်းဘေးဓာတ်တိုင်အားဝင်တိုက်ရာမှ ကားမီးလောင် လူသေဆုံး Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.