အကြမ်းဖက်သမားများကို လှေဖြင့် ပို့ဆောင်သူ ၂ ဦးအား ဖမ်းမိ


ရခိုင်ဂေဇက် ၊ နိုင်ဝင်ဘာ ၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သူများကို လှေဖြင့် တစ်ဘက်နိုင်ငံသို့ ပို့ဆောင်နေသူ ၂ ဦးအား အောက်တိုဘာလ ၃၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။


အဆိုပါ အကြမ်းဖက်သမားများကို ပို့ဆောင်နေသူများမှာ မောင်တောမြို့နယ် ၊ မင်္ဂလာကြီးကျေးရွာအုပ်စု ၊ သာစည်ကျေးရွာနေ ကော်ရီမူလာ ( ၂၂ ) နှစ်နှင့် မင်္ဂလာကြီးကျေးရွာနေ အာဘာက်စ် ( ၃၃ ) နှစ် တို့ဖြစ်ပြီး ၄င်းတို့သည် ဘင်္ဂါလီများအား တစ်ဦးလျှင် တစ်သိန်းကျပ်ဖြင့် ပြင်ဖြူချောင်းဝနှင့် မင်္ဂလာကြီးချောင်းဝ တို့မှ လှေဖြင့်ပို့ဆောင်ပေးလျက်ရှိပြီး ထိုသို့ပို့ဆောင်ပေးနေသူများထဲတွင် အကြမ်းဖက်တိုက်ခိုက်မှုများ၌ ပါဝင်ခဲ့ သူများပါရှိကြောင်း ခိုင်လုံသော သတင်းရရှိသည့်အတွက် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြား စောင့်ရဲ တပ်ဖွဲ့ဝင်များက ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် သာစည်ကျေးရွာနှင့် မင်္ဂလာကြီးကျေးရွာတို့ရှိ ၄င်းတို့ ၏ နေအိမ်များ၌ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ တစ်ဘက်နိုင်ငံသို့ အကြမ်းဖက်သများကို လှေဖြင့် ပို့ဆောင်ပေးသူ ဘင်္ဂလီ နှစ်ဦးအား မောင်တောမြို့ မရဲစခန်း သို့ပို့ဆောင်လျှက် ဥပဒေအရ အမှုဖွင့် စစ်ဆေးလျှက် ရှိကြောင်း သိရသည်။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
အကြမ်းဖက်သမားများကို လှေဖြင့် ပို့ဆောင်သူ ၂ ဦးအား ဖမ်းမိ  အကြမ်းဖက်သမားများကို လှေဖြင့် ပို့ဆောင်သူ ၂ ဦးအား ဖမ်းမိ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.