ဆိုမာလီယာတွင် မိုးခေါင်မှုနှင့် စစ်ပွဲများကြောင့် သောက်သုံးရေရရှိရန် ပြည်သူများက ကီလိုမီတာ ၆၀ ခန့် ခြေကျင်သွားနေရ


နိုင်ရိုဘီ ၊ ၂၉-၁၁-၂၀၁၆

ဆိုမာလီယာနိုင်ငံ တွင် မိုးခေါင်မှုနှင့် စစ်ပွဲများကြောင့် နိုင်ငံအတွင်းရှိ တိရ စ္ဆာန် မွေးမြူသူ များသည် သောက်သုံးရေ ရရှိရန်အတွက် ပျမ်းမျှ ကီလိုမီတာ ၆ဝ (မိုင် ၄ဝ) အထိ ခြေကျင်ခရီး သွားရောက် နေရကြောင်းနှင့် အဆိုပါ ကပ်ဘေးမှ လွတ်မြောက်ရန် အတွက် ထောက်ပံ့မှု များ အလျင်အမြန် လိုအပ်ကြောင်း အကူအညီ ပေးရေး အေဂျင်စီများက နိုဝင်ဘာ ၂၈ ရက် တွင် တောင်းဆို လိုက်သည်။

ဆိုမာလီယာ နိုင်ငံတွင် ၂ဝ၁၁ ခုနှစ်ကလည်း မိုးခေါင်မှု များကြောင့် အလားတူ အခြေအနေ များနှင့် ရင်ဆိုင်ရကြောင်း နှင့် ၄င်းတို့အနေဖြင့် နောက်တစ်ကြိမ် ငတ်မွတ် ခေါင်းပါးမှု မဖြစ်စေရန် ကာကွယ်ရမည် ဖြစ်ကြောင်း Oxfam ၊ Action Aid နှင့် နော်ဝေ ဒုက္ခသည်ကောင်စီ ပါဝင်သော ထောက်ပံ့ရေး အဖွဲ့ ၃၈ ဖွဲ့က ပြောသည်။

ထို့ပြင် လူသားချင်းစာနာ ထောက်ထားသူများနှင့် အလှူရှင်များ အနေဖြင့် မိုးခေါင်မှုဒဏ်ကို ခံစားနေရသော အမျိုးသမီးများ၊ ကလေးငယ်များနှင့် အခြားလူစု များကို ကယ်ဆယ်ရန်အတွက် လက်ရှိ စီမံကိန်းများကို ပြင်ဆင်သုံးသပ်ရန် အဆိုပါ ထောက်ပံ့ရေးအဖွဲ့ များက တောင်းဆိုထားကြောင်း သိရသည်။

ဆိုမာလီယာနိုင်ငံ ၌ ၂ဝ၁၁ ခုနှစ်တွင် ဖြစ်ပွားသော မိုးခေါင်မှု၊ တိုက်ခိုက်မှုများနှင့် အယ်လ်ရှာဘတ် စစ်သွေးကြွများက ၄င်းတို့ ထိန်းချုပ်ထားသော ဒေသအတွင်း အစားအစာ ထောက်ပံ့မှုများကို တားမြစ်မှု တို့ကြောင့် ငတ်မွတ်မှုများ ကြုံတွေ့ရပြီး လူ ၂၆ဝဝဝဝ ခန့် သေဆုံးကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဆိုမာလီယာတွင် မိုးခေါင်မှုနှင့် စစ်ပွဲများကြောင့် သောက်သုံးရေရရှိရန် ပြည်သူများက ကီလိုမီတာ ၆၀ ခန့် ခြေကျင်သွားနေရ  ဆိုမာလီယာတွင် မိုးခေါင်မှုနှင့် စစ်ပွဲများကြောင့် သောက်သုံးရေရရှိရန် ပြည်သူများက ကီလိုမီတာ ၆၀ ခန့် ခြေကျင်သွားနေရ Reviewed by THITHTOOLWIN on 11:58 Rating: 5
Powered by Blogger.