အလက်ပိုမြို့အားသိမ်းပိုက်နိုင်ပါက ၅နှစ်အတွင်း ဆီးရီးယားအစိုးရ၏ အကြီးမားဆုံးအောင်မြင်မှုဖြစ်လာနိုင်ဟု လေ့လာသုံးသပ်သူများပြောကြား

အလက်ပိုမြို့အားသိမ်းပိုက်ရန် ကြိုးပမ်းနေသည့် ဆီးရီးယား စစ်သားများအားတွေ့ရစဉ် (ဆင်ဟွာ)
  ဒမတ်စကက်၊ နိုဝင်ဘာ ၃၀ရက် (ဆင်ဟွာ)

    ဆီးရီးယားစစ်တပ်သည် နိုင်ငံမြောက်ပိုင်းရှိ အလက်ပိုမြို့အတွင်း တိုက်ပွဲအောင်မြင်မှုများ ဆောလျင်စွာ ရရှိလာခြင်း နှင့် မြို့အား ပြန်လည်သိမ်းပိုက်နိုင်ရန် ပိုမိုနီးစပ်လာခြင်းတို့သည် ငါးနှစ်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ဆီးရီးယားအစိုးရ စစ်တပ်၏ အကြီးမားဆုံး  အောင်မြင်မှုဖြစ်လာမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

၂၀၁၂ခုနှစ်ကတည်းက သူပုန်များလက်သို့ကျရောက်ခဲ့ရသည့် အလက်ပိုမြို့အရှေ့ပိုင်းရှိ ဧရိယာများသည် ရုရှားနိုင်ငံ၏  အထောက်အပံ့ဖြင့် ဆီးရီးယား စစ်တပ် နှင့် ၎င်း၏ မဟာမိတ် လက်ဘနွန် ဟစ်ဇဘိုလာတို့၏ ထိန်းချုပ်မှုအောက်သို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထောင်ပေါင်းများစွာသော ဆီးရီးယားနိုင်ငံသားများ အလက်ပိုမြို့ အနောက်ပိုင်းရှိ အစိုးရကထိန်းချုပ်ထားသော နယ်မြေများသို့ ရွှေ့ပြောင်းနေသည့်ကြားထဲမှ ဆီးရီးယား အစိုးရတပ်ဖွဲ့များသည် အလက်ပိုမြို့ အရှေ့ပိုင်း ရှိ သူပုန်များ ထိန်းချုပ်ထားသည့် ဧရိယာ တစ်ဝက်နီးပါးလောက်အား ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း သိရသည်။

အလက်ပိုမြို့သာ ဆီးရီးယားအစိုးရတပ်များ၏လက်အောက်သို့ကျရောက်ခဲ့ပါက ဆီးရီးယား၏ အဓိက မြို့ငါးမြို့အား ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။
အလက်ပိုမြို့အား အစိုးရတပ်ဖွဲ့က ထိန်းချုပ်နိုင်ခဲ့ပါက ဆီးရီးယားစစ်အစိုးရအား ဖြုတ်ချရန် ကြိုးပမ်းဆောင်ရွက်မှု ကျရှုံးသွားခြင်းပင်ဖြစ်လိမ့်မည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

(Xinhua)
http://xinhuamyanmar.com
အလက်ပိုမြို့အားသိမ်းပိုက်နိုင်ပါက ၅နှစ်အတွင်း ဆီးရီးယားအစိုးရ၏ အကြီးမားဆုံးအောင်မြင်မှုဖြစ်လာနိုင်ဟု လေ့လာသုံးသပ်သူများပြောကြား  အလက်ပိုမြို့အားသိမ်းပိုက်နိုင်ပါက ၅နှစ်အတွင်း ဆီးရီးယားအစိုးရ၏ အကြီးမားဆုံးအောင်မြင်မှုဖြစ်လာနိုင်ဟု လေ့လာသုံးသပ်သူများပြောကြား Reviewed by THITHTOOLWIN on 16:01 Rating: 5
Powered by Blogger.