ရဲစခန်းအနီး စားသောက်ဆိုင်အား ဖျက်စီးမှုဖြစ်


မန္တလေး၊ နိုဝင်ဘာ ၉။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အမှတ် (၁) ရဲစခန်းအနီးရှိ အလင်းရောင်းချသည့် စားသောက်ဆိုင်အား နိုဝင်ဘာလ (၉) ရက်နေ့ နံနက် (၁) နာရီခန့်က အမည်မသိ လူအုပ်စုမှ ဖျက်စီးသွားခဲ့ကြောင်း မိတ္ထီလာမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာအမည်မသိ လူငယ် ခုနှစ်ဦးပါအဖွဲ့သည် ယင်းစားသောက်ဆိုင်တွင် ရေသန့်ဘူးဝယ်ယူအပြီး ပြန်အမ်းငွေပေးစဉ် ဆိုင်ပိုင်ရှင် သားဖြစ်သူများအား ဆဲဆိုကြိမ်းမောင်းပြီး လက်သီးဖြင့်ဝိုင်းထိုးကာ ဆိုင်ကိုပါ ဖျက်ဆီးသွားကြောင်း သိရသည်။

"ဖြစ်စဉ်ကတော့ သာမန်ပါပဲ။ လူငယ်ချင်းရန်ဖြစ်စကားများ ကြတာပါ။ တရားခံတွေကို ဖမ်းစီးရမိဖို့ရာ လုပ်နေပါတယ်။ ဘေးပတ်ဝန်းကျင်မှာ စုံစမ်းမေးမြန်းမှုတွေ လုပ်ထားတယ်။ လက်ရှိအခြေအနေမှာ ဒီလောက်ပဲသိရသေးတယ်"ဟု မိတ္ထီလာမြို့မရဲစခန်းမှ တာဝန်ရှိသူ

ယင်းသို့ စားသောက်ဆိုင်ဖျက်စီးသည့်အတွက် (ပ) ၃၉၆/၂၀၁၆ ပုဒ်မ ၂၉၄/၃၂၅ /၄၂၇/၁၁၄ တို့ဖြင့် ဆိုင်ပိုင်ရှင်မှ တရားလိုပြုလုပ် တိုင်ကြားထားပြီး တရားခံဖမ်းစီးရမိရေး ဆောင်ရွက်နေကြောင်း မိတ္ထီလာမြို့မရဲစခန်းမှ သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar
ရဲစခန်းအနီး စားသောက်ဆိုင်အား ဖျက်စီးမှုဖြစ်  ရဲစခန်းအနီး စားသောက်ဆိုင်အား ဖျက်စီးမှုဖြစ် Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.