ဘုတ်ပြင်းမြို့နယ် အပိုင် ပင်လယ်ပြင်အတွင်း ၀ါတန်းငါးဖမ်းစက်လှေတစ်စီး မီးလောင်နစ်မြုပ်မှုဖြစ်ပွား


ကော့သောင်း ၊ နိုဝင်ဘာ ၃

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ၊ လငန်းကျွန်းနှင့် ပုလဲကျွန်းအကြား ရေပြင်၁၁မိုင် အရှေ့လတ္တီတွဒ် ၁၀ဒီဂရီ ၁၅ မီနစ် ၊ အနောက်လောင်ဂျီတွဒ် ၉၈ဒီဂရီ၊ ၀၉မီနစ်အကွာခန့်မှန်းမြေပုံညွှန်း (MN ၅၀၈၄၈၆) ခန့် တွင် တာဘိုင်ပိုက်ထဲသို့ ဆီဝင်ပြီး စက်ခန်းအတွင်းမှ မီးလောင်မှုဖြစ်ပွားကာ စက်လှေနစ်မြုပ်မှု ဖြစ်စဉ်တစ်ခု နိုဝင်ဘာလ ၃ ရက်နေ့ နံနက်(၇)နာရီက ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ ငါးဖမ်း ၀ါတန်း စက်လှေမှာ မြိတ်မြို့ ဦးရှမ်းကုလားဆိုသူ ပိုင်ဆိုင်သည့် လှေဖြစ်ပြီးလှေအမည် မှာအောင်လှစိန် ဖြစ်ကြောင်း ၊ လှေဦးစီးဦးဇော်မိုး နှင့် ငါးဖမ်းလှေလုပ်သား (၂၄)ဦး ဖြင့် ငါးဖမ်းလုပ်ငန်း ခွင်သို့ ထွက်ခွာလာ ခဲ့ခြင်းဖြစ်ကြောင်း ၊ လှေနစ်မြုပ်မှု အခင်းဖြစ်ပွားစဉ် အနီးအနားပင်လယ်ပြင် အတွင်း ငါးဖမ်းလျှက်ရှိသည့် အခြားငါးဖမ်းလှေများမှ ၀ိုင်းဝန်းကူညီပေး ကြသဖြင့်နစ်မြုပ် ခဲ့သည့် ၀ါတန်းလှေပေါ်ပါ ငါးဖမ်းလုပ်သားများ သေဆုံးမှုမရှိဘဲ ကယ်တင်နိုင်ခဲ့ကြောင်း ၊ လှေနစ်မြုပ် မှုဖြစ်စဉ်ဖြစ်ပွားရာသို့ ပုလဲကျွန်း အပိုင် ပင်လယ်ပြင် စိုးမိုးရေး လုပ်ငန်းများဆောင်ရွက် လျှက်ရှိသည့် တပ်မတော်(ရေ) စစ်ရေယာဉ် အမှတ် (၅၆၉) မှ သတင်းရလျှင် ရခြင်းချက်ခြင်း သွားရောက်ကာ တပ်မတော်သားများမှ လိုအပ်သည့်ကူညီ ကယ်ဆယ်မှု လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း ကနဦးသတင်းရရှိပါသည်။

ကျော်စိုး (ကော့သောင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဘုတ်ပြင်းမြို့နယ် အပိုင် ပင်လယ်ပြင်အတွင်း ၀ါတန်းငါးဖမ်းစက်လှေတစ်စီး မီးလောင်နစ်မြုပ်မှုဖြစ်ပွား ဘုတ်ပြင်းမြို့နယ် အပိုင် ပင်လယ်ပြင်အတွင်း ၀ါတန်းငါးဖမ်းစက်လှေတစ်စီး မီးလောင်နစ်မြုပ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:40 Rating: 5
Powered by Blogger.