ပန်ဆိုင်းက စစ်ဘေးတိမ်းရှောင် သူတွေကို တင်ဆောင်လာတဲ့ လူမှုရေးယာဉ်တွေ တိုက်ခိုက်ခံရ

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ လူမှုကူညီရေးအသင်းယာဉ်ကို တွေ့ရစဉ်။ Photo: မူဆယ်မင်း
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် လွယ်အင်ကျေးရွာက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ခေါ်ဆောင်လာတဲ့ လူမှုကူညီရေး အသင်းယာဉ်တွေကို ဟိုနောင်ရွာအ၀င်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ တာကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မူဆယ်မြို့က လူမှုကူညီရေးအသင်းယာဉ် ၅ စီးနဲ့ သွားရောက်ခေါ်ဆောင်ပြီး မူဆယ်မြို့ကို ပြန်အလာ မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်တယ်လို့ လူမှုကူညီရေး အသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လူမူကူညီရေးအသင်းယာဉ် ၅ စီးထဲက ပါရမီလူမူကူညီရေးယာဉ် နဲ့ မေတ္တာမွန် လူမူကူညီရေးယာဉ် နှစ်စီးမှာ သေနတ်ကျည်ထိမှန်ပြီး ဒုက္ခသည်တွေ ကို ခေါ်ဆောင်လာတဲ့ ကြင်နာနွေးထွေးပရဟိတ အဖွဲ့ဝင် အမျိုးသားတစ်ဦး ရင်ဘတ်မှာ သေနတ်ထိမှန်ခဲ့တာဖြစ်ပါတယ်။

အဲဒီယာဉ် ၅ စီးပေါ်မှာ လွယ်အင်ကျေးရွာက စစ်ဘေးတိမ်းရှောင်လာသူ ၅၀ ၀န်းကျင် လိုက်ပါ လာတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပန်ဆိုင်းက စစ်ဘေးတိမ်းရှောင် သူတွေကို တင်ဆောင်လာတဲ့ လူမှုရေးယာဉ်တွေ တိုက်ခိုက်ခံရ ပန်ဆိုင်းက စစ်ဘေးတိမ်းရှောင် သူတွေကို တင်ဆောင်လာတဲ့ လူမှုရေးယာဉ်တွေ တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.