ဒဂုံမြို့နယ်တွင် အဲယားကွန်း အပူလွန်ကဲပြီး ရှော့ဖြစ်ကာ မီးလောင်မှုဖြစ်


ရန်ကုန်၊ နိုဝင်ဘာ ၆

၆.၁၁.၂၀၁၆ ရက်နေ့ ၁၃၄၀ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရလမ်းရှိ မြန်မာနိုင်ငံသာသနာအဖွဲ့ချုပ်၊ သတ္တမနေ့အသင်းတော်ဝင်း အတွင်း၌ ဗျာဒိတ်တော်အသံ၊ ဓမ္မစာပေးစာယူ(၃)ထပ်တိုက်ကျောင်း၊ ဒုတိယအလွှာရှိ စတူဒီယိုအသံသွင်းခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်ယာဉ်များရောက်ရှိ ငြှိမ်းသတ်ခဲ့၍ ၁၄၁၅ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။


ဖြစ်စဉ်မှာ အဆိုပါအခန်းတွင် ကွန်ပျူတာအသံသွင်းဌာနတာဝန်ခံ ဦးစောကပေါ်မှူးမှ အသံတည်းဖြတ်နေစဉ် အဲယားကွန်းရှော့ဖြစ်ရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ကွန်ပျူတာနှင့် အသံလုံအောင်ပြု လုပ်ထားသော ရေမြှပ်များအား ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။


ယင်းသို့ မီးလောင်ကျွမ်းခဲ့သဖြင့် ဦးစောကပေါ်မှူးအား ဒဂုံမြို့မရဲစခန်း (ပ)၂၁၆/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/

ဒဂုံမြို့နယ်တွင် အဲယားကွန်း အပူလွန်ကဲပြီး ရှော့ဖြစ်ကာ မီးလောင်မှုဖြစ် ဒဂုံမြို့နယ်တွင် အဲယားကွန်း အပူလွန်ကဲပြီး ရှော့ဖြစ်ကာ မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 05:51 Rating: 5
Powered by Blogger.