သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန် နိုဝင်ဘာ ၎

၎.၁၁.၂၀၁၆ ရက်နေ့၊ ၁၅း၅၅ အချိန်ခန့်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက် ဦးဘသစ်လမ်း၊ အမှတ်(၇၉၁)၊ ဦးမောင်မြင့်+ဒေါ်စံပယ် နေအိမ်တွင် တီဗွီပလပ်သွယ်တန်းထားရာမှ ပလပ်ခုံအပူလွန်ကဲပြီး အနီးရှိ စက္ကူများပေါ်သို့မီးပွားကျရာမှ ၁၅း၄၈ အချိန့်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ပါသည်။


မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၂၁)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၃၁)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၄၉)ဦးတို့ဖြင မီးငြိမ်းသတ်ခဲ့ပြီး (၁၆း၀၈)အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။ ဖြစ်စဉ်တွင် နေအိမ်(၂)လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အဆင့်(၂) အဖြစ်သတ်မှတ်ကြောင်း သတင်းရရှိသည်။

မြို့နယ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား သင်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.