မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၃ ဦးနှင့် မသင်္ကာဖွယ် ဘင်္ဂါလီ ၁ ဦး ထပ်မံဖမ်းဆီးရမိ


နေပြည်တော် နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ဆူခါလီ(ဘင်္ဂါလီ)ကျေးရွာရှိ မူဟာမက်အီဆုတ်၏ နေအိမ်အား ၀င်ရောက်ရှင်းလင်း ရှာဖွေစစ်ဆေးရာ မူဟာမက်အီဆုတ် (ဘ)ဆွေယော့နူလာ၊ ရာမက်ဒူလာ(ဘ) မိုဟာမက်အီဆုတ်နှင့် နော်ဇီမူလာ(ဘ) မိုဟာမက်အီဆုတ်တို့ ၃ ဦးကို ဒသမ ၃၀၃ ထိပ်ဖူးဖြုတ်ထားသော ကျည်ခွံ ၄၂ ခု၊ ဒသမ ၃၀၃ ကျည်ဖူး ၇ ခု၊ RZL လက်ကိုင် စကားပြော စက်တိုင်တို ၁ ချောင်း၊ သစ်သားမှိန်း ၁ ချောင်း၊ ၀ါးမှိန်း ၁ ချောင်း၊ သံမှိန်း ၂ ချောင်း၊ ဓားမကြီး ၄ ချောင်း၊ ဓားမြှောင် ၃ ချောင်း၊ အိပ်ဆောင်ဓားအသေး ၂ ချောင်း၊ အရိုးမပါ လှံသွား ၁ ချောင်းနှင့် ၄ မြှောင့် ဆူးချွန် ၂ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။

အလားတူ ယနေ့ နံနက် ၇ နာရီခန့်ကလည်း ပူးပေါင်းအဖွဲ့ဖြင့် နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် သက္ကယ်ပြင်(အနောက်) ကျေးရွာဘက်မှ ထွက်လာသည့် မသင်္ကာဖွယ် ဘင်္ဂါလီ မာမက်ဟူစိန်(ဘ) ဒေါ်လာဘာရှီအား စစ်ဆေးရာ ဆန်ဖိုနီ(P-5) အမျိုးအစား ဟန်းဆက် ၁ လုံး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တရားမ၀င် ရူဘီဆင်းကတ် ၁ ခု၊ MPT ဆင်းကတ် ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ ဘင်္ဂါလီ ၄ ဦး၊ လက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား အင်းဒင် ရဲစခန်းနှင့် နယ်ခြားစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)သို့ တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၃ ဦးနှင့် မသင်္ကာဖွယ် ဘင်္ဂါလီ ၁ ဦး ထပ်မံဖမ်းဆီးရမိ  မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၃ ဦးနှင့် မသင်္ကာဖွယ် ဘင်္ဂါလီ ၁ ဦး ထပ်မံဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.