တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ လျှပ်စစ်မီးပြတ်တောက်မည်

ဗဟန်းမြို့နယ်ရှိ အနောက်ရွှေဂုံတိုင်လမ်းနှင့် ရေတာရှည်လမ်းရှိ အချို့နေရာများ၌ ဓာတ်အား ပြတ်တောက်လျှက်မှုအား ပြင်ဆင်နေပုံ(ဓာတ်ပုံ-YESC)
    ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

    တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း ယနေ့ ညနေ ၄နာရီ၅၀ခန့်တွင် ချို့ယွင်းမှုဖြစ်ပေါ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ 230 KV တောင်ငူ- သာယာကုန်း မဟာဓာတ်အားလိုင်း လိုင်းအပြစ်ဖြစ်ပေါ်ကာ System Break downဖြစ်နေကြောင်း၊ ရန်ကုန်ရှိ Gas Turbine စက်များမှ ပုံမှန်အတိုင်း ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

“ဘယ်မြို့နယ်တွေပျက်မလဲ အတိအကျတော့မသိရသေးပေမယ်၊ အားလုံး မီးပြန်ပေးနိုင်ဖို့ စီစဉ်နေပါတယ်”ဟု ရန်ကုန် လျှပ်စစ်ဓာတ်အားဖြန့်ချိရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(Xinhua)
http://www.xinhuamyanmar.com
တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ လျှပ်စစ်မီးပြတ်တောက်မည်  တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ လျှပ်စစ်မီးပြတ်တောက်မည် Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.