မောင်တောမြို့နယ်ရှိ ရဲကင်းစခန်း ဟောင်းအား မီးရှို့ဖျက်ဆီးမှု ဖြစ်ပွား

မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စွန့်လွှတ်ထားသော မြင်းလွတ်ကျေးရွာ သစ် ရဲကင်းစခန်း ဟောင်းအား မီးရှို့ဖျက်ဆီးမှု ဖြစ်ပွား
မောင်တော နိုဝင်ဘာ ၎

မောင်တောမြို့နယ် မြင်းလွတ်မြို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စွန့်လွှတ်ထားပြီး တပ်စွဲထားခြင်းမရှိသော မြင်းလွတ်ရွာသစ် ရဲကင်း စခန်းဟောင်းအား ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများ၊ ၎င်းတို့နှင့်ပတ်သက်သူများက မီးရှို့ဖျက်ဆီးမှု ဖြစ်ပွား ခဲ့သည်။

ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် သက်ငယ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်းအိပ်ဆောင်ဟောင်း နှစ်လုံး၊ သက်ငယ်မိုး ထမင်းချက် တဲတစ်လုံးနှင့် သဲအိတ်ဖြင့် ပြုလုပ်ထားသော ဘန်ကာတစ်ခုတို့ မီးလောင်ခဲ့ပြီး ညနေ ၃ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါရဲကင်းစခန်းမှာ အောက်တိုဘာ ၁၁ ရက်မှစ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ တပ်စွဲခြင်းမပြုတော့ဘဲ စွန့်လွှတ်ထားသော ရဲကင်းစခန်းဟောင်းဖြစ်ပြီး ၎င်းအနီးတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ နယ်မြေရှင်းလင်းလျက် ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မောင်တောမြို့နယ်ရှိ ရဲကင်းစခန်း ဟောင်းအား မီးရှို့ဖျက်ဆီးမှု ဖြစ်ပွား  မောင်တောမြို့နယ်ရှိ ရဲကင်းစခန်း ဟောင်းအား မီးရှို့ဖျက်ဆီးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 07:19 Rating: 5
Powered by Blogger.