သက်တမ်းကုန် ထောက်ခံစာဖြင့် အလှူခံအဖွဲ့အား ရပ်ကွက်အုပ်ချုပ်ရေးမှူး တားဆီး


နိုဝင်ဘာ ၁၀ ရက်တွင် ကျောက်တံတားမြို့နယ် ၃၇ လမ်းအထက်ဘလောက်၌ သက်တမ်းကုန်ဆုံးနေသည့် ထောက်ခံစာများဖြင့် ကခုန်၍ အလှူခံနေသည့်အဖွဲ့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးက တားဆီးခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။

ယင်းနှင့်ပတ်သက်၍ “မြို့နယ်ထွေအုပ်တာဝန်ရှိတဲ့သူက အဲဒီအလှူခံက အသံချဲ့စက်သံဆူညံပြီး ကခုန်အလှူခံ နေတာတွေ့တဲ့အတွက် အသံချဲ့စက် အဲလိုမဖွင့်ဖို့ပြောရင် အလှူခံခွင့် ထောက်ခံစာတောင်းတာ။ အဲဒီတော့မှ သူတို့ထောက်ခံစာက ၂၀၁၅ ခုနှစ်က ထောက်ခံစာဖြစ်နေတယ်။ အဲတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီး တားမြစ်ခိုင်းခဲ့တယ်။ အရေးယူမှုတော့ လုပ်တာမတွေ့ဘူး”ဟု မျက်မြင်သက်သေတဦးက ပြောသည်။


ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မိမိဘာသာရေးနှင့်ပတ်သက်သည့် အလှူခံနေမှုတွင် အမျိုးသားနှစ်ဦးက အမျိုးသမီး အ၀တ်စားများဝတ်ဆင်ကာ သရုပ်ပျက်နေသည့်ပုံစံဖြစ်နေကြောင်း၊ မိမိတို့၏လုပ်ရပ်ကြောင့် မိမိဘာသာ၊ သာသနာ အမြင်မတင့်တယ်သည့်လုပ်ရပ်များ မလုပ်စေလိုကြောင်း ရှင်းပြခဲ့ပြီး ၄င်းတို့ကို ဆက်လက်အလှူမခံ ရန် ပြောကြားခဲ့သည်ဟုဆိုသည်။ သက်တမ်းကုန်ဆုံးနေသည့် ထောက်ခံစာဖြင့် အလှူခံနေသူများအား ဥပဒေဖြင့် အရေးယူမည်ဆိုပါက ယူ၍ရသော်လည်း ကနဦးပညာပေးသည့်အနေနှင့် သတိပေးကာ ပြန်ခိုင်းခဲ့ သည်ဟု သိရသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal
သက်တမ်းကုန် ထောက်ခံစာဖြင့် အလှူခံအဖွဲ့အား ရပ်ကွက်အုပ်ချုပ်ရေးမှူး တားဆီး  သက်တမ်းကုန် ထောက်ခံစာဖြင့် အလှူခံအဖွဲ့အား ရပ်ကွက်အုပ်ချုပ်ရေးမှူး တားဆီး Reviewed by THITHTOOLWIN on 18:11 Rating: 5
Powered by Blogger.