မသင်္ကာဖွယ်ရာ ဘင်္ဂါလီ နှစ်ဦး ဖမ်းဆီးရမိ


နေပြည်တော် နိုဝင်ဘာ ၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် နိုဝင်ဘာ ၁ ရက် ညနေ ၄ နာရီခန့်တွင် နွားရုံတောင် ကျေးရွာ၏ အရှေ့ဘက်မီတာ ၂ဝဝဝ ခန့်အကွာ၌ မောင်တောမြို့နယ် ဇူလ ကျေးရွာနေ မသင်္ကာဖွယ်ရာ ဘင်္ဂါလီ များဖြစ်သည့် ကာလူမီဟာ(ဘ) မာမတ်အီစမာနှင့် ဂျာမူဟူဆောင်း (ဘ) နိုဟူဆောင်းတို့ နှစ်ဦးအား ဝါဒဖြန့် အသံဖိုင်ပါ တယ်လီဖုန်း တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ ဘင်္ဂါလီနှစ်ဦးအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်(ကျီးကန်းပြင်)သို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိ သည်။

(မြဝတီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မသင်္ကာဖွယ်ရာ ဘင်္ဂါလီ နှစ်ဦး ဖမ်းဆီးရမိ  မသင်္ကာဖွယ်ရာ ဘင်္ဂါလီ နှစ်ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:29 Rating: 5
Powered by Blogger.