အမျိုးသမီးတစ်ဦး လမ်းကြိတ်စက်ဖြင့် ကြိတ်မိသေဆုံး


တောင်သာမြို့နယ် တံငါကျင်းကျေးရွာ အနီး၌ နိုဝင်ဘာ၂၀ရက် မွန်းလွဲ ၁၂း၃၀အချိန်က လမ်းခင်းနေစဉ်
အလုပ်သင် အင်ဂျင်နီယာ အမျိုးသမီး တစ်ဦးလမ်းကြိတ်စက်ဖြင့်ကြိတ်မိ သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ တံငါကျင်းကျေးရွာအနီး မိုင်တိုင်အမှတ် ၄၃၇/၃ရှေ့ ရေပြွန်တံတားအမှတ် ၄/၄၃၈၌ အရှည် ၇၅ပေ အကျယ်၁၈ပေရှိ ကတ္တရာလမ်းအား ခင်းနေရာ ယာယီယဉ်မောင်း(လမ်းဦးစီးဌာနမှ) နန်းဦးသည် 2B.538 (အရှည် ၁၆ပေကျော်)လမ်းကြိတ်စက်ကို ရှေ့နောက်အပြန်အလှန် မောင်းနှင်နေပြီး မစိုးစန္ဒီပိုင်(တံစိုးရွာ။နွားထိုးကြီးမြို့နယ်)သည် ဆောင်ရွက်ပြီးစီးမှုကို မှတ်တမ်းဓါတ်ပုံရိုက်ယူနေကြောင်း။


အခင်းမဖြစ်မီ၌လမ်းကြိတ်စက်သည် မြောက်မှတောင်သို့နောက်ဆုတ်ကာ ရှေ့သို့ တစ်ဖန်ပြန်မောင်းမည့်
အနေအထား၌ ဓါတ်ပုံရိုက်ရန် မစိုးစန္ဒီပိုင်က ကြိုးစားစဉ် ဆိုင်ကယ်တစ်စီးမှာ မြောက်မှတောင်သို့ အရှိန်နှင့်
မောင်းနှင်သွားသည်ကိုတွေ့ရပြီး မစိုးစန္ဒီပိုင်မှာ ဟန်ချက်ပျက်ကာ ၎င်း၏ နောက်တွင်ရှိနေသော လမ်းကြိတ်စက်မှ မောင်းအလာ တိုက်မိပြီး အကြိတ်ခံရခြင်း ဖြစ်ကြောင်း မျက်မြင်တစ်ဦးထံမှ သိရသည်။


လမ်းလုပ်ငန်း ဆောင်ရွက်နေစဉ် ကန့်သတ်လမ်းညွှန်များ ထားပေးရန် လိုအပ်နေပြီး အလုပ်ချိန်၌ အရှိန်ဖြင့်
မောင်းနှင်နေသည့် ယဉ်များကြောင့် မလိုလားအပ်သည့် အန္တရာယ်များ မဖြစ်စေလိုကြောင်း သုံးသပ်ပြောဆိုကြသည်။

Htun Lin Media - Taungtha
https://www.facebook.com/tunlinmedia
အမျိုးသမီးတစ်ဦး လမ်းကြိတ်စက်ဖြင့် ကြိတ်မိသေဆုံး  အမျိုးသမီးတစ်ဦး လမ်းကြိတ်စက်ဖြင့် ကြိတ်မိသေဆုံး Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.