၂ဝ၁၇တွင် နိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန် တောင်အာဖရိက ကျောင်းသူများ စီစဉ်ခဲ့
ကိဗ်တောင်း နိုဝင်ဘာ ၁၉
၂ဝ၁၇ခုနှစ် မေလတွင် တောင်အာဖရိကသည် ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တုကို အာကာသထဲသို့လွှတ်တင်မည်ဖြစ်ကြောင်း သတင်း များတွင်ဖော်ပြသည်။ ယင်းအစီအစဉ်ကို STEM program မှကျောင်းသူများက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆယ်ကျော်သက်များဖြစ်သော်လည်း အသက် ၁၇ နှစ်အရွယ် ဘရစ်တနီ ဘူးလ်နှင့် အသက် ၁၆ နှစ်အရွယ် ဆီဆမ်မန်ဂွင် ချီဝါတို့တွင် ကြီးမားသောရည်မှန်းချက်များဖြစ်သည့် အာဖရိက၏ ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တုကို အာကာသထဲသို့လွှတ်တင်ရန် ရည်ရွယ်ချက်များရှိကြောင်း သိရသည်။
 ထို့အပြင် ယင်းဂြိုဟ်တုသည် အာဖရိကတိုက်၏ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာလုံခြုံရေးနှင့်သက်ဆိုင်သော သတင်းအချက်အလက်များကို ရယူမည်ဖြစ်ကြောင်းသိရသည်။
 ယင်းဂြိုဟ်တုမှ သတင်းအချက်အလက်များကို တစ်နေ့လျှင်နှစ်ကြိမ်ရရှိမည်ဖြစ်ပြီး အာဖရိကတွင် ဖြစ်ပွားနေသော ဘေးဒုက္ခများမှ ကြိုတင်ကာကွယ်နိုင်ရုံသာမက အာဖရိကတွင်ရှိသော စိုက်ပျိုးမြေဧကများကိုရှာဖွေနိုင်မည် ဖြစ်ကာ ပြည်သူများအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
၂ဝ၁၇တွင် နိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန် တောင်အာဖရိက ကျောင်းသူများ စီစဉ်ခဲ့  ၂ဝ၁၇တွင် နိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန် တောင်အာဖရိက ကျောင်းသူများ စီစဉ်ခဲ့ Reviewed by THITHTOOLWIN on 08:00 Rating: 5
Powered by Blogger.