အင်ဂျင်နီယာ(၁)ဦး အရှိန်မထိန်းနိုင်ဘဲ အုတ်ခုံတိုက်မိ၍ သေဆုံး


ဘားအံ - နိုဝင်ဘာ ၀၉

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ စီပင်ကလေးကျေးရွာအုပ်စု၊ မိုင်(၂၀)ကျေးရွာအနီးတွင် နိုဝင်ဘာလ(၇)ရက်နေ့ က ဆိုင်ကယ်တိမ်းမှောက်၍ အမျိုးသားတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ၍ သံတောင်နယ်မြေ ရဲစခန်းမှ သွားရောက် စစ်ဆေးခဲ့သည်။


ဖြစ်စဉ်မှာ နိုဝင်ဘာလ(၇)ရက်နေ့ မွန်းလွဲ(၁)နာရီ (၃၀)အချိန်က သံတောင်-ဘောဂလိလမ်း မိုင်တိုင်အမှတ်(၁၇/၇) အနီး သံတောင်မြို့ဘက်မှ ပလက်ဝတံတား စီမံကိန်းဘက်သို့ အငယ်တန်းအင်ဂျီနီယာဖြစ်သူ ထွန်းထွန်း(ခ)ထွန်းထွန်းဝင်း၊၂၂နှစ်၊ ရွှေစွမ်းအင်ကုမ္မဏီ၊ စဉ်ကိုင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ၅၄ယ/၁၈၆၈၈၊ Honno-125အပြာရောင် ဆိုင်ကယ်သည် မိုင်တိုင်အမှတ် (၁၇/၇) အနီး အရောက် အုတ်ပေါက်ဝဲဘက် အောက်ခြေရှိ အုတ်ခုံအား ဝင်ရောက် တိုက်မိကာ ဆိုင်ကယ်တိမ်းမှောက်
သွားပြီးဒဏ်ရာများ အပြင်းအထန်းရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွား၍ အလောင်းသံတောင်ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ပေးခဲ့သည်။


ဖြစ်စဉ်အပေါ်သံတောင်နယ်မြေရဲစခန်းမှ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

ဘားအံသတင်း
အင်ဂျင်နီယာ(၁)ဦး အရှိန်မထိန်းနိုင်ဘဲ အုတ်ခုံတိုက်မိ၍ သေဆုံး အင်ဂျင်နီယာ(၁)ဦး အရှိန်မထိန်းနိုင်ဘဲ အုတ်ခုံတိုက်မိ၍ သေဆုံး Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.