မိုဇမ်ဘစ် တွင် ဆီတင်ကား ပေါက်ကွဲမှုကြောင့် လူ ၇၃ဦးသေဆုံး

မိုဇမ်ဘစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    မာပူတို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

    မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်း တွင် နိုဝင်ဘာ ၁၇ရက်က ဆီတင်ကားတစ်စီးပေါက်ကွဲခဲ့၍ လူ ၇၃ဦးထက် မနည်း သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း မိုဇမ်ဘစ်အစိုးရက ပြောကြားခဲ့သည်။

ဆီတင်ကားသည် မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်း Beira ဆိပ်ကမ်းမြို့မှ Malawi မြို့သို့ ဆီများ သွားရောက်ပို့ဆောင်စဉ် Tete ပြည်နယ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

ဆီတင်ကား အနီး၌ ဆီဝယ်ယူရန် ဒေသခံများ ဝန်းရံစောင့်ဆိုင်းနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မိုဇမ်ဘစ်အစိုးရ က အစိုးရအဖွဲ့တစ်ခု သည် ပေါက်ကွဲမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အခင်းဖြစ်ပွားရာသို့ နိုဝင်ဘာ ၁၈ တွင် ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
မိုဇမ်ဘစ် တွင် ဆီတင်ကား ပေါက်ကွဲမှုကြောင့် လူ ၇၃ဦးသေဆုံး  မိုဇမ်ဘစ် တွင် ဆီတင်ကား ပေါက်ကွဲမှုကြောင့် လူ ၇၃ဦးသေဆုံး Reviewed by THITHTOOLWIN on 17:35 Rating: 5
Powered by Blogger.