ဇုတ်သုတ်-ဇုက္ကလိကုန်သွယ်လမ်း နီတိုတံတားကျွံကျသဖြင့် ကုန်သွယ်ယာဉ်များအန္တရာယ်ရှိ


ဘီးလင်း နိုဝင်ဘာ ၇

ဘီးလင်းမြို့နယ် ဇုတ်သုတ်-ဇုက္ကလိနှင့် တခြားရွာခွဲလေးများ၏ ကျေးရွာ ချင်းဆက် ကုန်သွယ်လမ်းဖြစ်သော နီတိုတံတားသည် လွန်ခဲ့သော ရက် အနည်းငယ်က ပင်မသံဖရိန်များကျိုးကျ ၍ ရေလယ်ထောက်တိုင်များ ကျွံကျ သဖြင့်သွားလာရန် အလွန်အ္တရာယ် ကြီးမားသော အခြေအနေသို့ ရောက်ရှိ နေကြောင်း သိရသည်။

ယင်းတံတားအရှည်မှာ ပေ ၂ဝဝ ခန့်ရှိ ပြီး ဆန်စပါးပေါ်ချိန်တွင် အဓိကတင်ပို့ ရောင်းချသည့်ကုန်သွယ်လမ်းဖြစ်သည်။ ယခုဆိုလျှင် တောင်သူများအနေဖြင့် အဓိကပင်မ ကုန်သွယ်တံတားကျွံကျ ခဲ့သဖြင့် လွန်စွာစိုးရိမ်နေကြကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဇုတ်သုတ်-ဇုက္ကလိကုန်သွယ်လမ်း နီတိုတံတားကျွံကျသဖြင့် ကုန်သွယ်ယာဉ်များအန္တရာယ်ရှိ  ဇုတ်သုတ်-ဇုက္ကလိကုန်သွယ်လမ်း နီတိုတံတားကျွံကျသဖြင့် ကုန်သွယ်ယာဉ်များအန္တရာယ်ရှိ Reviewed by THITHTOOLWIN on 08:42 Rating: 5
Powered by Blogger.