ဆိုင်ကယ်လုယက်သူများအား ချက်ချင်းဖမ်းဆီးအရေးယူထား


နေပြည်တော်၊ နိုဝင်ဘာ ၆

နိုဝင်ဘာလ (၅)ရက်နေ့ နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ ကျော်ကိုထွန်း(၂၀)နှစ်သည် ၅၄ယ/××××× Honga-150 ထရပ်ကာ ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ပိတောက်လမ်းနှင့် စံပယ်လမ်းကြားအရောက် အမည်မသိ အမျိုးသား(၃)ဦးမှ တားဆီးကာ ဆိုင်ကယ်ပေါ်မှဆွဲချပြီး ဆိုင်ကယ်အားလုယူ ထွက်ပြေးသွားပါသည်။

အဆိုပါ လုယက်သူများအား နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်း ကျင်ရှိလူများက ဝိုင်းဝန်းဖမ်းဆီးရာ တောင်ဒဂုံမြို့နယ်၊ (၂၆)ရပ်ကွက်နေ ဇော်ဇော်(၂၂)နှစ်၊ တွံတေးမြို့နယ်၊ (၁)ရပ်ကွက်နေ အောင်ကိုလွင်(၂၁)နှစ်နှင့် သာကေတမြို့နယ်၊ (၁၄)ရပ်ကွက်နေ နိုင်လင်းထွန်း(ခ) ဝဏ္ဏအောင်(၂၈)နှစ်တို့အား ဖမ်းဆီးရမိသဖြင့် ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်း (ပ)၅၁၃/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ဆိုင်ကယ်လုယက်သူများအား ချက်ချင်းဖမ်းဆီးအရေးယူထား ဆိုင်ကယ်လုယက်သူများအား ချက်ချင်းဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.