နှစ် (၂၀) အတွင်း စင်ကာပူလို စီးပွားရေးအောင်မြင်မှုတွေရရှိလာ ဖို့ မျှော်လင့်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
မြန်မာနိုင်ငံအနေနဲ့ လာမယ့်နှစ် (၂၀) အတွင်း စင်ကာပူနိုင်ငံလို စီးပွားရေးအောင်မြင်မှုတွေ ရရှိလာဖို့ မျှော်လင့်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာလ (၃၀) ရက် ဒီကနေ့ စင်ကာပူမြို့မှာပြုလုပ်တဲ့ IE Singapore’s Global Conversations အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ် အခုလို ထည့်သွင်းပြောကြားလိုက်တာဖြစ်တယ်လို့ Channel News Asia သတင်းဌာန က ရေးသားထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စင်ကာပူနိုင်ငံခေါင်းဆောင်ကြီး လီကွန်ယုရဲ့ ပြောကြားချက်ကို ကိုးကားပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံစတင်လွတ်လပ်ရေးရချိန်မှာ ၀န်ကြီးချုပ် လီကွမ်ယုက စင်ကာပူအနေနဲ့ နှစ် (၂၀)အတွင်း မြန်မာနိုင်ငံကို အမှီလိုက်မယ်လို့ ကြွေးကြော်ခဲ့သလို လက်ရှိမှာလည်း အဲဒီစကားကို သူ့အနေနဲ့ ပြန်ပြောင်းပြောဆိုမယ်လို့ ပြောကြားခဲ့ပါတယ်။
လာမယ့် နှစ် (၂၀)အတွင်း မြန်မာနိုင်ငံအနေနဲ့ စင်ကာပူရဲ့ အခြေအနေမျိုးဖြစ်လာအောင် လုပ်ဆောင်မှာဖြစ်သလို မြန်မာနိုင်ငံကို ကူညီကြဖို့ ဒေါ်အောင်ဆန်း စုကြည်ကပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိနိုင်ငံအတွင်းမှာ အသက်မွေးမှုဆိုင်ရာ သင်တန်းတွေကို လုပ်ဆောင်ထားပြီး ဒါဟာ တခြားပညာရေးအစီအစဉ်တွေလိုမျိုး အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုဝင်ဘာလ (၃၀) ရက် ဒီကနေ့ကနေ ဒီဇင်ဘာလ (၂) ရက်နေ့အထိ စင်ကာပူနိုင်ငံကို ၃ ရက်ကြာသွားရောက်တာဖြစ်ပြီး မနက်ဖြန်မှာ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာလည်းဖြစ်ပါတယ်။
ဓာတ်ပုံ - MOFA
5 Plus News
https://www.facebook.com/5plusnews/
နှစ် (၂၀) အတွင်း စင်ကာပူလို စီးပွားရေးအောင်မြင်မှုတွေရရှိလာ ဖို့ မျှော်လင့်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
Reviewed by THITHTOOLWIN
on
17:23
Rating:
