နိုရူလာတောင်ရွာအတွင်း နေအိမ်တစ်လုံးမီးရှို့မှုဖြစ်ပွား



နိုဝင်ဘာ ၂၅၊ ၂၀၁၆

မောင်တောမြို့နယ်၊ နိုရူလာတောင်ရွာအတွင်း ယနေ့ နံနက်ပိုင်းက နေအိမ်တစ်လုံးအား မီးရှို့မှု ဖြစ်ပွားခဲ့သည်။

နံနက် ၂ နာရီ ၁၀ မိနစ်တွင် မောင်တောမြို့နယ်၊ တပ်ဦးချောင်း ကျေးရွာအုပ်စု၊ နိုရူလာတောင်ရွာ အတွင်း လူနေထိုင်ခြင်းမရှိသည့် အဒူရော်ဟိမ်း ၏ နေအိမ် မီးလောင်ခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုအား နိုရူလာ ရဲကင်းစခန်းမှ ကျေးရွာရာအိမ်မှူး မော်ဂျီဘူရဂာမန်သို့ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားသော်လည်း ရွာသား တစ်ဦးတစ်ယောက်မျှ လာရောက်ငြိမ်းသတ်ခြင်း မရှိသဖြင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် များ မီးငြှိမ်းသတ်ခဲ့ကြသဖြင့် အခြားအိမ်များကို ကူးစက်လောင်ကျွမ်းမှု မရှိဘဲ အဆိုပါ နေအိမ်တစ်လုံးသာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
https://www.facebook.com/SCOInfoC/
နိုရူလာတောင်ရွာအတွင်း နေအိမ်တစ်လုံးမီးရှို့မှုဖြစ်ပွား နိုရူလာတောင်ရွာအတွင်း နေအိမ်တစ်လုံးမီးရှို့မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.