အရက်သောက်ရန်တားမြစ်သည့် ဖခင်အား သားဖြစ်သူမှ လက်သီးဖြင့်ထိုးရာ ဖခင်ဖြစ်သူသေဆုံး


မန္တလေး၊ နိုဝင်ဘာ ၁၅။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျွန်းတိုင်ကျေးရွာတွင် အရက်သောက်ရန် တားမြစ်သည့် ဖခင်အား သားဖြစ်သူမှ လက်သီးဖြင့်ထိုးရာ ဖခင်ဖြစ်သူ သေဆုံးခဲ့ရကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းက ဦးရေဝတသည် သားဖြစ်သူ အိုက်လွင်(ခ)ဇော်မင်းထွန်းအား အရက်မသောက်ရန် တားမြစ်ပြောဆိုရာမှ စကားများပြီး အိုက်လွင်(ခ)ဇော်မင်းထွန်းက ဖခင်ဖြစ်သူ ဦးရေဝတ၏ ရင်ဘက်အား ထိုးကြိတ်၍ ဦးခေါင်းကို ကိုင်ကာ မြေကြီးနှင့် ကိုင်စောင့်ခဲ့ကြောင်း သိရသည် ။

ထိုသို့ပြုလုပ်ခဲ့သည့်အတွက် ဦးရေဝတမှာ ဦးခေါင်းနှင့် ရင်ဘတ်တွင် ဒဏ်ရာများရရှိခဲ့ပြီး အောက်တိုဘာ ၃၀ ရက်နေ့တွင် သေဆုံးခဲ့ကာ နိုဝင်ဘာလ ၃ ရက်နေ့တွင် သဂြိုဟ်ခဲ့ရသည်။

"ဒီလိုသေဆုံးတာကို ဦးရေဝတရဲ့ သမီးဖြစ်သူက ဦးရေဝတရဲ့ ညီဖြစ်သူကို ပြောပြတော့ ဦးရေဝတရဲ့ ညီဖြစ်သူက အမှုဖွင့်ခဲ့တယ်"ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး နောင်ချိုမြို့နယ် ပန်းညိုရေကျေးရွာနေသော ဦးရေဝတ ၏ ညီဖြစ်သူ ဦးဇေယျက တိုင်တန်းခဲ့သည့်အတွက် အိုက်လွင်(ခ)ဇော်မင်းထွန်းအား (ပ)၁၀၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/
အရက်သောက်ရန်တားမြစ်သည့် ဖခင်အား သားဖြစ်သူမှ လက်သီးဖြင့်ထိုးရာ ဖခင်ဖြစ်သူသေဆုံး အရက်သောက်ရန်တားမြစ်သည့် ဖခင်အား သားဖြစ်သူမှ လက်သီးဖြင့်ထိုးရာ ဖခင်ဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 22:43 Rating: 5
Powered by Blogger.