ကိုးတန်ကောက် ရဲကင်းစခန်းအား တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၂ ဦး ဖမ်းဆီးရမိ


နေပြည်တော် နိုဝင်ဘာ ၅

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကိုးတန်ကောက်ရွာအား ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ၀င်ရောက်ရှင်းလင်းရာ ကိုးတန်ကောက်ရဲကင်းစခန်းအား အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၂ ဦးဖြစ်သည့် ဆော်လီမူလာ (ဘ) မာမွတ်ရှော်ရီနှင့် မာမွတ်နော်ဘီ(ဘ) နော်ဟီဟူဆောင်း ကိုးတန်ကောက်ရွာမကျေးရွာနေသူတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူ ၂ ဦးအား ကိုးတန်ကောက်ရဲကင်းစခန်းသို့ စနစ်တကျ လွှဲ ပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကိုးတန်ကောက် ရဲကင်းစခန်းအား တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၂ ဦး ဖမ်းဆီးရမိ  ကိုးတန်ကောက် ရဲကင်းစခန်းအား တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၂ ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:39 Rating: 5
Powered by Blogger.