မုံရွာတောင်ရပ်ကွက်အနီး၊ အင်းဖြတ်လမ်းတွင် ရထားနှင့်ကား ရုတ်တရက် တိုက်မိ


မုံရွာ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး၊ အင်းဖြတ်လမ်း တွင် နိုဝင်ဘာလ(၁၆)ရက်နေ့ နံနက်(၁၀)နာရီခန့်အချိန်က ရထားနှင့် ကား တိုက်မိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ပခုက္ကူမှ မုံရွာမြို့သို့ နံနက်(၉)နာရီအချိန်ထွက်ခွာလာသော စက်ခေါင်း မောင်း ဦးစိုးမင်း မောင်းနှင် လာသည့် အမှတ် (၁၂၂/၁၂၅)အဆန်ရထားသည် မုံရွာမြို့နယ်၊ အောင်သာ ကျေးရွာဘူ တာမှ မုံရွာဘူတာအကြား မိုင်တိုင်(၄၅၅/၁၃-၁၄)ကြားအရောက် အင်းဖြတ်လမ်းတွင် အနောက်မှ အရှေ့ဘက်သို့ မောင်းနှင်လာသော ယာဉ်မောင်း ဦးငြိမ်းချမ်း(ဘ) ဦးခင်မောင်အေး၊ အသက်(၂၈)နှစ်၊ ကနီမြို့နယ် မုတ်ချောင်းကျေးရွာနေသည် ယာဉ်နောက်လိုက်တစ်ဦးနှင့်အတူ မောင်းနှင်လာသည့် ခြောက်ဘီး ယာဉ်အမှတ် (၂ခ/၉၆၈၈)နှင့် တိုက်မိမှု ဖြစ်ပွားခဲ့သည်။


အဆိုပါ ရထားနှင့် ကားတိုက်မှုဖြစ်စဉ်ကြောင့် ရထားစက်ခေါင်း ရှေ့ Buffer Light ကွဲသွားပြီး၊ စက်ခေါင်းဘေး လက်ကိုင်လျှောက်တန်း ယိုင်နဲ့မှုဖြစ်ပွားကာ အဆိုပါ တိုက်မိခဲ့သည့် ကားခေါင်းခန်း တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး ကားအတွင်း ညှပ်မိ နေခဲ့သဖြင့် တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများမှ ကရိန်း(၂)စီးဖြင့် မထုတ်ကာ ကယ်ဆယ်ခဲ့ကြပြီး ဒဏ်ရာရရှိသူ (၂)ဦးအား မုံရွာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြ သည်။


အဆိုပါ ဖြစ်စဉ်တွင် ယာဉ်ကို ပေါ့ဆစွာ မဆင်မခြင် မောင်းနှင်ခဲ့သည့် ယာဉ်မောင်းအား ဥပဒေနှင့် အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာမှ စုံစမ်း စစ်ဆေး လျက်ရှိ ပြီး ရထားစီး ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းကနဦးသတင်း ရရှိသည်။

(တိုင်းပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မုံရွာတောင်ရပ်ကွက်အနီး၊ အင်းဖြတ်လမ်းတွင် ရထားနှင့်ကား ရုတ်တရက် တိုက်မိ  မုံရွာတောင်ရပ်ကွက်အနီး၊ အင်းဖြတ်လမ်းတွင် ရထားနှင့်ကား ရုတ်တရက် တိုက်မိ Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.