ဘားအံမြို့နယ်မှာ ဂီတဖျော်ဖြေပွဲအနီး လူသတ်မှုဖြစ်ပွား

တန်(၄၀၀၀)ဘိလပ်မြေစက်ရုံ(၁၅)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲအနီး လူသတ်မှုဖြစ်ပွား
ဘားအံ နိုဝင်ဘာ ၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ဇရပ်ဖြူကျေးရွာကလေး ကစားကွင်းအတွင်း တန်(၄၀၀၀) ဘိလပ်မြေစက်ရုံ(၁၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ(၁)ရက်နေ့ ညပိုင်းက ဂီတဖျော်ဖြေပွဲပြုလုပ်စဉ် ည(၁၂)နာရီ(၁၅)မိနစ်အချိန်ခန့်တွင် ဖျော်ဖြေပွဲအနီး ဇရပ်ဖြူရွာအဝင် လမ်းမပေါ်တွင် လူငယ်တစ်ဦး ဓားထိုးခံရ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။


အခင်းဖြစ်နေရာသို့ မြိုင်ကလေး ရဲကင်းစခန်းမှူး ရဲအုပ်ဝင်းနိုင် ဦးစီးအဖွဲ့ဖြင့်သွားရောက် စစ်ဆေးရာသေဆုံးသူမှာ စောထွန်းရွှေ၊ ၁၆နှစ်၊ မန္တလေးကုန်းရပ်ကွက် ၊ လှာကာကျေးရွာအုပ်စု ၊ ဘားအံမြို့နယ်နေသူဖြစ်ပြီး ယာဘက်ကျောကုန်း ထိုးသွင်းဒဏ်ရာ(၁)ချက် ၊ ဦးခေါင်းနောက်စေ့ ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံး
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဖြစ်စဉ်အား ဘားအံမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ပြီး အမှုမှတရားခံဖော်ထုတ် ဖမ်းဆီးရမိရေး အမှုစစ်အဖွဲ့ဖြင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဘားအံသတင်း
ဘားအံမြို့နယ်မှာ ဂီတဖျော်ဖြေပွဲအနီး လူသတ်မှုဖြစ်ပွား ဘားအံမြို့နယ်မှာ ဂီတဖျော်ဖြေပွဲအနီး လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 05:34 Rating: 5
Powered by Blogger.