အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ၆၀ ဦးထပ်မံဖမ်းဆီးရမိ


နိုဝင်ဘာ ၂၀၊ ၂၀၁၆

မောင်တောမြို့နယ်အတွင်း ကြက်ရိုးပြင်ကျေးရွာ၊ လောင်းတုံကျေးရွာနှင့် ပြောင်ပိုက်ကျေးရွာများအနီးပတ်ဝန်းကျင်၌ အောက်တိုဘာ ၁၁ ရက်နေ့လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းဆောင်ရွက် စဉ် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ရမှုသတင်းအားထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲကွပ်ကဲမှုအောက်ရှိ ငါးခူရနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၉ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် ကြက်ရိုးပြင်ကျေးရွာအတွင်း နယ်မြေ ရှင်းလင်းဆောင်ရွက်ရာ အောက်တိုဘာ ၁၁ ရက်နေ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ၆၀ ဦးအားထပ်မံဖမ်းဆီးရမိခဲ့သည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ၆၀ ဦးထပ်မံဖမ်းဆီးရမိ  အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ၆၀ ဦးထပ်မံဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.