မွေးရာပါ ဦးနှောက်မပါသော ကလေးငယ် မြေပုံတွင်မွေးဖွားခဲ့ပြီး နာရီပိုင်းအတွင်း သေဆုံး


ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ ပြည်သူဆေးရုံကြီးတွင် မွေးရာပါ ဦးနှောက်မပါသော ကလေးတစ်ဦးကို နိုဝင်ဘာ ၂၀ ရက်တွင် မွေးဖွားခဲ့ပြီး နာရီပိုင်းအတွင်း ဆေးရုံပေါ်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

 မြေပုံမြို့နယ်၊ ခြုံချောင်းကျေးရွာမှ လေးတူချင်းအမျိုးသမီးတစ်ဦးတွင် နောက်ပိုင်းဘက်ဦးခေါင်းခွံနှင့် ဦးနှောက် မပါရှိသော ခန္ဓာကိုယ်ပုတိုတိုဖြင့် ဦးခေါင်းခွံသေးကာ ညနေ(၆)နာရီခွဲအချိန်က မွေးဖွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကလေးမှာ ဇီကာဗိုင်းရပ်စ်နှင့် မသက်ဆိုင်ပဲ ဖြစ်လေ့ဖြစ်ထနည်းလွန်သည့် မွေးရာပါ ကလေးရောဂါဖြစ်သည်ဟု မြေပုံမြို့ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။
“ဇီကာဗိုင်းရပ်စ်ရောဂါနဲ့ မဆိုင်ပါဘူး။ မွေးရာပါ ဦးနှောက်မပါတဲ့ ရောဂါပါ။ ရောဂါနာမည်က အတိအကျ ရှိပါတယ်။ ကလေးမှာ ပါလာတဲ့ ရောဂါကြောင့် နာရီပိုင်းပဲ အသက်ရှင်ခဲ့ပါတယ်။ ကမ္ဘာမှာလည်း ဒီရောဂါမျိုး ဖြစ်တာရှိပါတယ်။ မြေပုံမြို့နယ်မှာတော့ ဒီတစ်ခါပဲ လက်တွေ့ကြုံဖူးတာပါ။ ကျွန်တော်တို့က ဆေးပညာ စာအုပ်မှာပဲ တွေ့ဖူးတယ်။ မွေးရာပါ ရောဂါ တစ်မျိုးပါ။”ဟု မြေပုံမြို့ ပြည်သူ့ဆေးရုံမှ လက်ထောက် ဆရာဝန် ဒေါက်တာ ၀င်းနိုင်စိုးက ပြောသည်။

ကလေးကိုယ်ဝန်ဆောင်စဉ် မိခင်ဖြစ်သူမှာ ဒေသတွင်း အယူအဆများအရ ကိုယ်ဝန်ဆောင်များအတွက် ကလေး အာဟာရဖြစ်စေသော အစားစာတချို့အား ရှောင်ကြဉ်ခဲ့ခြင်းကြောင့်ဟု သိရပြီး အဟာရ လျော့တည် ခြင်း အပြင် ပတ်ဝန်းကျင် မသန့်ရှင်းမူများဖြင့် ဆက်စပ်နေကြောင်း မွေးဖွာပေးခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများက သုံးသပ်ကြသည်။

ကိုယ်ဝန်ဆောင် မိခင်နေထိုင်ရာ ခြုံချောင်းကျေးရွာမှာ မြေပုံမြို့နယ်၊ ယိုးချောင်းတံတားအနီးတွင်ဖြစ်ပြီး အဆိုပါ ကျေးရွာတွင် ၀က်မွေးမြူရေးကို အိမ်တိုင်းလိုလို လုပ်ကိုင်ကြကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
မွေးရာပါ ဦးနှောက်မပါသော ကလေးငယ် မြေပုံတွင်မွေးဖွားခဲ့ပြီး နာရီပိုင်းအတွင်း သေဆုံး  မွေးရာပါ ဦးနှောက်မပါသော ကလေးငယ် မြေပုံတွင်မွေးဖွားခဲ့ပြီး နာရီပိုင်းအတွင်း သေဆုံး Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.