အမြန်လမ်း၌ ဆိုင်ကယ်နှင့် ယာဉ်တိုက်၊ ဆိုင်ကယ်စီးသူနှစ်ဦးသေဆုံး


ဒိုက်ဦး နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်အပိုင် အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်းအပိုင်၌ နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီ ၁ ၅ မိနစ်ခန့်က လမ်းဖြတ်ကူးသော ဆိုင်ကယ်ကို မော်တော်ယာဉ်က ဝင်တိုက် မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၆၆/၇)နှင့် (၆၇/ဝ)အကြားတွင် မြဝင်းနိုင် (၂၉ နှစ်) မောင်းနှင်ပြီးနောက်တွင် ဆံရှည် (ခ) ထွန်းလင်းကို စီးနင်းလိုက်ပါလာသော ဆိုင်ကယ်သည် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် လမ်းအနောက်ဘက်မှ အရှေ့ဘက်သို့ လမ်းလယ်ကျွန်းကို ရုတ်တရက်ချိုးကွေ့လိုက်စဉ် လားရာ တူဘက်မှ ယာဉ်မောင်း ဇော်မင်းဦး မောင်းနှင်လာသော မော်တော်ယာဉ်က ဝင်တိုက်မိခဲ့ရာ ဆိုင်ကယ်စီးနင်းသူနှစ်ဦးစလုံး ပြင်းထန်ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

 ထို့ကြောင့် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် မြို့ချောင်း တိုက်နယ်ဆေးရုံသို့တင်ပို့ ကုသသော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ပြီး ယာဉ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်မောင်းနှင်ခွင့်မရှိဘဲ တက်ရောက် မောင်းနှင်သူ မြဝင်းနိုင်ကို အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်း က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

အမြန်လမ်း၌ ဆိုင်ကယ်နှင့် ယာဉ်တိုက်၊ ဆိုင်ကယ်စီးသူနှစ်ဦးသေဆုံး အမြန်လမ်း၌ ဆိုင်ကယ်နှင့် ယာဉ်တိုက်၊ ဆိုင်ကယ်စီးသူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 07:30 Rating: 5
Powered by Blogger.