ကောလင်းမြို့ ဒေါင်းမြူချောင်းတွင် အမည်မသိ အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိ


စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ နယ်တွင်တည်ရှိ သောဒေါင်းမြူချောင်း၌အမည်မသိအမျိုးသား အ လောင်းတစ်လောင်း နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ကောလင်းနာရေးကူညီမှုအသင်းမှ သိရှိရသည်။

ယင်းတွေ့ရှိခဲ့သည့် အမျိုးသားအလောင်းမှာ ကောလင်းမြို့ရဲတပ်ဖွဲ့၏ ဆေးစစ်ချက်အရရေနစ် သေဆုံး ခြင်းမျိုး ဖြစ်ပြီး ယခုလက်ရှိအချိန်အထိ လူသေအလောင်း၏ မူလပိုင်ရှင်များ ပေါ်ပေါက်တာမျိုး မရှိသေးကြောင်း သိရသည်။
 "မနေ့ကမနက်ပိုင်းမှာ ကောလင်းမြို့ ရဲတပ်ဖွဲ့က ကျွန်တော်တို့ နာရေးကူညီမှုအသင်းကိုလှမ်းခေါ်တယ်။ လူသေ အလောင်းကဒေါင်းမြူချောင်းထဲမျောနေတယ်။ နာရေးကိစ္စအားလုံး ကိုဆောင်ရွက်ပေး လိုက်ပါတယ်။"ဟု ကောလင်းမြို့နာရေးကူညီမှုအသင်း ဥက္ကဌ ဦးမိုးကြီးက ပြောသည်။

 အမည်မသိအမျိုးအလောင်းသည် ကောလင်းမြို့အထက်ပိုင်းမှ မျောလာခြင်းဖြစ်နိုင်ပြီး ကောလင်းမြို့တွင် လူသေပြီး ပျောက်တာမျိုးမကြားမိသေးကြောင်း ဒေါင်းမြူချောင်းအတွင်း၌ ယခုနှစ်တွင် အမည်မသိလူသေ အလောင်းနှစ်ကြိမ် တွေ့ရှိခဲ့ကြောင်း သိရသည်။
"မနေ့က ကျွန်တော်တို့ရဲတပ်ဖွဲ့တွေ စစ်ဆေးတဲ့အခါမှာ ဘာဒဏ်ရာမှ မတွေ့ခဲ့ရပါဘူး။ ရေနစ်သေဆုံးတဲ့ အလောင်းလို့ ယူဆထားပါတယ်။"ဟု ကောလင်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ကောလင်းမြို့မရဲစခန်းမှ အမည်မသိလူသေအလောင်းနှင့် ပက်သက်၍ သေမှုသေခင်းအမှတ်စဉ် ၂၁/၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

ကောလင်းမြို့ ဒေါင်းမြူချောင်းတွင် အမည်မသိ အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိ ကောလင်းမြို့ ဒေါင်းမြူချောင်းတွင် အမည်မသိ အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 10:27 Rating: 5
Powered by Blogger.