သားမယားအဖြစ်ပြုကျင့်သူ ဖခင်အား ဖမ်းဆီးအရေးယူ


ကျွန်းလှ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် သက္ကယ်ကျင်းကျေးရွာအုပ်စု ဝေလမူကျေးရွာတွင် နိုဝင်ဘာလ (၁၃)ရက်နေ့ ညနေ ၆နာရီက သမီးအရင်းကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူဖခင်အရင်းကို ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျွန်းလှမြို့နယ် ဝေလမူကျေးရွာနေ ကျောင်းသူ မxxxx (၁၁နှစ်)သည် နေအိမ်အပေါ်ထပ်တွင် တစ်ဦးတည်းအိပ်နေစဉ် ဖခင် အရင်းကျော်မိုးမှာ အရက်မူး၍ပြန်လာပြီး မိခင်ဖြစ်သူဒေါ်မိုးမိုးအိမ်အောက် ထပ် ထမင်းချက်နေချိန် အလိုမတူဘဲသားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူအားပြောပြသဖြင့် ဒေါ်မိုးမိုးက ပေပင်ချောင်ရဲကင်းစခန်းသို့ သွားရောက် တိုင်တန်းကြောင်းသိရသည်။

 အဆိုပါသမီးအရင်းဖြစ်သူကို အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သူ ကျော်မိုး(၄၂နှစ်)ကို သဖန်း ဆိပ်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆အရ အမှုဖွင့်အရေးယူ နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)
The Union Daily
https://www.facebook.com/uniondaily.net/
သားမယားအဖြစ်ပြုကျင့်သူ ဖခင်အား ဖမ်းဆီးအရေးယူ သားမယားအဖြစ်ပြုကျင့်သူ ဖခင်အား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.