ပင်လုံမြို့၌ ယမ်းပေါက်ကွဲမှုဖြစ်ပွား ၁ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ


ပင်လုံ၊ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ် ပင်လုံမြို့၊ ရပ်ကွက်(၂)၊သစ်ခွလမ်း၊ မြို့သစ်၊ ခွန်ကျော်ထွန်း (၃၆)နှစ်(ဘ)ဦးတင်မောင် နေအိမ်၌ ၂၃-၁၁-၂၀၁၆ ည (၈း၁၅)အချိန်က ရှမ်းနှစ်သစ်ကူးနေ့အတွက် မီးပုံးပြုလုပ်ရန် ရဲလင်းဦး (၁၈)နှစ် (ဘ) ဦးခင်မောင်အေး သည်သစ်သားဆုံအတွင်း ယမ်းများထောင်းနေစဉ် ပေါက်ကွဲမှု ဖြစ်ပွား သဖြင့် ၁ ဦးသေဆုံးပြီး၊ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။


အဆိုပါ ပေါက်ကွဲမှုကြောင့် နေအိမ်မျက်နှာကျက်များ၊ ပြတင်းပေါက်များ၊ နေအိမ်တွင်းရှိပစ္စည်းများ ကြေမွ ပျက်စီး၍ ရဲလင်းဦး မှာ ယာလက်ပြတ်၊ ရင်ဘတ်ပေါက်ပြဲ၊ ၀ဲပေါင်ခြေ သလုံးပေါက်ပြဲ ဒဏ်ရာ (စိုးရိမ်ရ) ရရှိပြီး ၄င်းအနီးရှိ ခွန်ကျော်ထွန်း (၃၆)နှစ် (ဘ)ဦးတင်မောင် သည် မျက်နှာစုတ်ပြဲ၊ ၀ဲ/ယာလက်ပွန်းပဲ့ မီးလောင် ၀ဲ/ယာ ခြေစုတ်ပြဲဒဏ်ရာရ (စိုးရိမ်ရ) ၊ နေလင်းဦး (၁၄)နှစ် (ဘ) ဦးစိုးမင်း၊ သည် ၀ဲ/ယာခြေဖမိုးစုတ်ပြဲဒဏ်ရာ၊ ယာလက်အရေပြားစုတ်ပြဲဒဏ်ရာ (စိုးရိမ်ရ)၊ သန်းထွန်း (၁၅)နှစ် (ဘ) ဦးတသိ ၊ သည် မျက်နှာစုတ်ပြဲ ဒဏ်ရာ၊ ၀ဲ/ယာ လက်စုတ်ပြဲဒဏ်ရာ၊ ၀ဲ/ယာခြေထောက်စုတ်ပြဲ ဒဏ်ရာ (စိုးရိမ်ရ)၊ ကောင်းထက်စံ (၁၅)နှစ် (ဘ) ဦးမျိုးနိုင် သည် နှာခေါင်းပေါက်ပြဲဒဏ်ရာ၊ ၀ဲ/ယာခြေသလုံးပေါက်ဗြဲ ဒဏ်ရာ၊ ၀ဲမျက်ခုံးပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ)၊ သိန်းစိုး (၁၆)နှစ် (ဘ) ဦးစံကျော်ဝင်း ဗမာ/ဗုဒ္ဓ သည် ၀ဲ/ယာခြေသလုံး စုတ်ပြဲဒဏ်ရာ၊ မျက်နှာ စုတ်ပြဲမီးလောင်ဒဏ်ရာ (စိုးရိမ်ရ) ၊ ခွန်ဦး (၁၆)နှစ် (ဘ)ဦးချစ်မောင် သည် မျက်နှာ အပူ လောင်ဒဏ်ရာ၊ နှုတ်ခမ်းနှင့်နှာခေါင်းစုတ်ပြဲဒဏ်ရာ၊ ယာလက် မီးလောင်ဒဏ်ရာ၊ ၀ဲ/ယာခြေသလုံး ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ) တို့အသီးသီး ဒဏ်ရာရရှိခဲ့ပါသည်။

ဒဏ်ရာရရှိသူများအား လွိုင်လင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ရဲလင်းဦး မှာ ရရှိသောဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ ကြောင်း ပင်လုံမြို့နယ်ပြန်ဆက်မှ သတင်းရရှိသည်။

ဓာတ်ပုံ - Thura Aung facebook
BY သစ်ထူးလွင်

ပင်လုံမြို့၌ ယမ်းပေါက်ကွဲမှုဖြစ်ပွား ၁ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ ပင်လုံမြို့၌ ယမ်းပေါက်ကွဲမှုဖြစ်ပွား ၁ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.