လောင်းလုံးမြို့နယ်မှာ အလှူအိမ်မှအပြန်လမ်းတွင် ဖုန်းပြောနေစဉ် ပိုက်ဆံအိတ်အလုခံရ


ထားဝယ် နိုဝင်ဘာ ၈

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် (က)ရပ်ကွက်နေ ဒေါ်-------သည် ယခုလ ၆ ရက် မွန်းလွဲ၁၂ နာရီခွဲတွင် ပန်းတင်းအင်းကျေးရွာ အလှူမှ နေအိမ်သို့ ထားဝယ်- ကျောက်နီမော်သွား ကားလမ်း အတိုင်း ပြန်လာစဉ် ရွာဟောင်း ကျေးရွာ အမကကျောင်းအနီးလမ်း အကွေ့တွင် ဖုန်းလာသဖြင့် ဖုန်း စကားပြောရန် ဆိုင်ကယ်အား လမ်းဘေးတွင်ရပ်နား၍ ဖုန်းပြော နေစဉ် ၄င်း၏ ဝဲဘက်လက်၌ ပိုက်ဆံအိတ်အား ကိုင်ထားရာ ထားဝယ်ဘက်မှ လောင်းလုံးဘက် သို့ လူနှစ်ဦး နံပါတ်မပါWave Alpha (ဖြူ+နက်)ရောင်ဆိုင်ကယ် အား မောင်းနှင်လာပြီး ဒေါ်---ကိုင်ထားသော ပိုက်ဆံအိတ်အား ရုတ်တရက်ဆွဲယူ၍ အရှိန်ပြင်းစွာ မောင်းနှင် ထွက်ပြေးသွားသဖြင့် ပိုက်ဆံအိတ်အတွင်း ဆိုင်ကယ် လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဝန်ထမ်းကတ်နှင့်ငွေကျပ် ၅၅ဝဝဝ ပါသွားကြောင်း သိရသည်။

ထို့နောက် ပိုက်ဆံအိတ်ဆွဲယူ ပြေးသွားသူနှစ်ဦး(လူမြင်မှတ်မိ) အား ဒေါ်--------က တရား လိုပြုလုပ်တိုင်ကြားသဖြင့် လောင်း လုံးမြို့မရဲစခန်းက (ပ)၂၇၁/ ၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၂/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်ထားရှိပြီး အမှုစစ်ရဲအုပ်စိုးနိုင် က သက်သေများနှင့်အတူတရားခံ များအား စုံစမ်းဖမ်းဆီးခဲ့ရာ လောင်းလုံးမြို့နယ် အင်းဇောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးတွင် ကျော်သူစိုး(ခ)ဖိုးတီး အသက်(၂ဝ) လောင်းလုံးမြို့နှင့် သာယာကုန်း ကျေးရွာသုသာန်အနီးတွင် အောင် သန့်ဇင်ဦး(ခ)ဖိုးတာ(၂၂နှစ်)တို့ကို ဖမ်းဆီးရမိပြီး အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်လတ်(ထားဝယ်)
The Union Daily
https://www.facebook.com/uniondaily.net
လောင်းလုံးမြို့နယ်မှာ အလှူအိမ်မှအပြန်လမ်းတွင် ဖုန်းပြောနေစဉ် ပိုက်ဆံအိတ်အလုခံရ  လောင်းလုံးမြို့နယ်မှာ အလှူအိမ်မှအပြန်လမ်းတွင် ဖုန်းပြောနေစဉ် ပိုက်ဆံအိတ်အလုခံရ Reviewed by THITHTOOLWIN on 17:43 Rating: 5
Powered by Blogger.