သူ့နိုင်ငံငါးဖမ်းသမား ၆ ဦးကို မြန်မာနယ်ခြားစောင့်တပ်က ဖမ်းဆီးသွားဟု ဘင်္ဂလာဒေ့ရှ်မှသတင်းဖော်ပြ


နိရဉ္စရာ၊ နိုဝင်ဘာ ၁၀

ဘင်္ဂလာဒေ့ရှ်ငါးဖမ်းသမား ၆ ဦး မြန်မာနယ်ခြားစောင့်တပ်က ဖမ်းဆီးသွားဟု ဘင်္ဂလာဒေ့ရှ်ကလာသော သတင်းများတွင် ဖော်ပြသည်။

သူတို့ ၆ ဦးကို လွန်ခဲ့သော တစ်ရက် နိုဝင်ဘာ ၉ ရက် နေ့လယ် ၂ နာရီတွင် ဖမ်းဆီးသွားကြောင်း ဘင်္ဂလာဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ တက်ကနက် အခြေစိုက်တပ်မှူး နာဖီယျာ ရာဟာမန်က ပြောသည်။

သူတို့အားလုံးမှာ စိန်မာတင်ကျွန်း (ရခိုင်အခေါ် အုန်းကျွန်း) မှ ဖြစ်ကြောင်း၊ သူတို့မှာ ငါးဖမ်းနေစဉ် မြန်မာရေပိုင်နက်ထဲကို ၀င်ရောက်သွားရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်ဟု သတင်းတွင် ဖော်ပြသည်။

ယင်းသို့ ဖမ်းဆီးခံရမှုကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ BGB ကို အကြောင်းကြားထားသည်ဟု ဆိုသည်။

Narinjara
https://www.facebook.com/Narinjara
သူ့နိုင်ငံငါးဖမ်းသမား ၆ ဦးကို မြန်မာနယ်ခြားစောင့်တပ်က ဖမ်းဆီးသွားဟု ဘင်္ဂလာဒေ့ရှ်မှသတင်းဖော်ပြ  သူ့နိုင်ငံငါးဖမ်းသမား ၆ ဦးကို မြန်မာနယ်ခြားစောင့်တပ်က ဖမ်းဆီးသွားဟု ဘင်္ဂလာဒေ့ရှ်မှသတင်းဖော်ပြ Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.